မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ စနစ်တကျ ကြပ်မတ်ပို့ဆောင်ပေးနေမှု ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ စနစ်တကျ ကြပ်မတ်ပို့ဆောင်ပေးနေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 25, 2025

မန္တလေး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ ပို့ဆောင်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပို့ဆောင်မှုအားစနစ်တကျ ကြပ်မတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်မင်းကြီးမြတ်စွာဘုရား ဆင်းတုတော်ကြီး၊ ဘုရားပရိဝုဏ်အတွင်းရှိ ဆင်းတုတော်များနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဘိလပ်မြေအိတ် ၅၀၀ ကို ဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်သည်။
ထို့နောက် တောင်လေးလုံးကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ ဩဝါဒများခံယူကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တောင်သမန်မယ်ဇယ်လွင်ပြင်ရှိ ဈေးဆိုင်ခန်းများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် တောင်သမန်အင်း ဝန်းကျင်နေရာများသို့လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးဝန်းကျင်နှင့် ကန်ပတ်လမ်းနေရာများသို့လည်းကောင်း သွားရောက်၍ အစဉ်အမြဲသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း