မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ လုယက်မှု ကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူဖော်ထုတ်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ လုယက်မှု ကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူဖော်ထုတ်ဖမ်းဆီး


Ministry of Home Affairs/ နေပြည်တော် / June 27, 2025


     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ လုယက်မှု ကျူးလွန်သူများအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ ကိုထက်လင်းအောင်(၂၉)နှစ်သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်ဘက်မှ ၎င်း၏နေအိမ်သို့ 70W-XXXX HONDA CLICK နီ/နက်ရောင် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ပြန်လာစဉ် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉ လမ်း၊ ၅၁ x ၅၂ လမ်းကြားအရောက်၌ အမျိုးသား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်အရှေ့မှ ပိတ်ရပ်ကာ သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် မဟာအောင်မြေမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှု ရေးဖွင့်ကာ  ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ပါသည်။ 

     ဖြစ်စဉ်မှ သေနတ်ပြခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အသွင်ယူသတင်းစုံစမ်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် ညနေ ၄ နာရီတွင် ခြိမ်းခြောက်လုယက်မှုကျူးလွန်ခဲ့သူများအနက်မှ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်နေ ညီညီထွန်း(ခ)စီစီ(၁၉)နှစ် (ဘ)ဦးသောင်းထွန်းအား မဟာမြိုင်(၂)ရပ်ကွက်၊ ၆၃ x ၄၃ လမ်းထောင့်၌ စူပါကပ်ဆိုင်ကယ် တစ်စီး၊ ၎င်းဆိုင်ကယ်ခွကြားအတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးသိုဝှက်၍ သယ်ဆောင်လာသည့် အရှည် ၃၂ လက်မခန့်ရှိ လွယ်ကြိုးပါ ကော်သေနတ်အရှည်(အတု) တစ်လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံ ညီညီထွန်း(ခ)စီစီ၏ ထွက်ဆိုချက်အရ ၎င်းသည် ဇွန် ၂၀ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာနေ စိုးမိုးအောင်(ခ)ဖိုးကျော်(၂၅)နှစ်(ဘ)ဦးသန်းအောင်ကျော်၊ ဟာနစ်(စိစစ်ဆဲ)တို့နှင့်အတူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၁ x ၅၂ လမ်း ကြား၌ အမျိုးသား တစ်ဦးထံမှ HONDA CLICK ဆိုင်ကယ် တစ်စီးအား သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ယူဆောင်ပြီး ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင် တစ်ဆိုင်၌ ပေါင်နှံ၍ ၎င်းတို့သုံးဦး ခွဲဝေသုံးစွဲခဲ့ကြောင်း၊ စိုးမိုးအောင်(ခ)ဖိုးကျော်မှာ မဟာအောင်မြေ မြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၃၇ လမ်း၊ ၇၃ x ၇၅ လမ်းကြားရှိ “Dream37” တည်းခိုခန်း၌ တည်းခို နေထိုင်ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စိုးမိုးအောင်(ခ)ဖိုးကျော်အား “Dream37” တည်းခိုခန်း အခန်းအမှတ်(၆၀၄၀)အတွင်းမှ အရိုး/အသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် လုယက်ယူဆောင်ခြင်းခံရသည့် ဆိုင်ကယ်အား ပြန်လည် သိမ်းဆည်းရရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာ 70W-XXXX HONDA CLICK နီ/နက်ရောင် ဆိုင်ကယ်အား ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင်မှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါသည်။

     ဖြစ်စဉ်တွင် သေနတ်အတုပြ၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူ သုံးဦးအနက် ညီညီထွန်း(ခ)စီစီနှင့် စိုးမိုးအောင်(ခ)ဖိုးကျော်တို့ နှစ်ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ဟာနစ်(စိစစ်ဆဲ)အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း