မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် သိန်း ၇,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် သိန်း ၇,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / August 25, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရမန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၉ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြား၌ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ရပ်ကွက်နေ သူရအေး(ခ)ဟူစိန်(၃၃)နှစ် မောင်းနှင်လာသော ဆိုင်ကယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းကျေးရွာနေ ကျော်သက်ခိုင်(ခ)တဲလုံး(၃၀)နှစ် မောင်းနှင်ပြီး ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ လှိုင်မိုး(ခ)ထွန်းလှိုင်မိုး(၃၀)နှစ် လိုက်ပါလာသည့် SHN-23/1D-XXXX MITSUBISHI PAJERO မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,၀၀၀ ပြား(တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇,၂၀၀)အား ဖမ်းဆီးရမိသဖြင့် သူရအေး(ခ)ဟူစိန်၊ ကျော်သက်ခိုင်(ခ)တဲလုံးနှင့် လှိုင်မိုး(ခ)ထွန်းလှိုင်မိုးတို့ သုံးဦးအား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Myanmar National Human Rights Commission Statement No (10/ 2025)
Posted on Aug 25, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)
Posted on Aug 25, 2025ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း
Posted on Aug 25, 2025