မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁,၈၃၃ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁,၈၃၃ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တ လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ သစ်တောလမ်းမပေါ်၌ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၅)နေ စိုးဝင်း(ခ)စိုးဝင်းထွန်း(၄၁)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေ သကာလတန်ဖိုး ငွေကျပ် သိန်း ၁,၅၆၀)၊ ကက်တမင်း ၀ ဒသမ ၄၅၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၈၃ ဒသမ ၂ သိန်း)နှင့် အက်တက်စီဆေးပြား ၁၅၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၆၀,၀၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၉၀)တို့အား ဖမ်းဆီးရမိသဖြင့် စိုးဝင်း(ခ)စိုးဝင်းထွန်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
