မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများထောက်ပံ့မှုအကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများထောက်ပံ့မှုအကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / November 13, 2025
image_latest


မန္တလေး  နိုဝင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင်ပါရှိသည့် အာမခံစနစ်ခြောက်မျိုးအနက် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီဆောင်ရွက်နေသော အာမခံစနစ်သုံးမျိုးမှ စုစုပေါင်းအကျိုးခံစားခွင့် ၁၅ မျိုးကို ရရှိခံစားရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုအာမခံစနစ် ထည့်ဝင်ကြေးပေးသွင်းထားရှိပါက မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပညာသင်စရိတ်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့ တွင် မှတ်ပုံတင်ထားသော အလုပ်ဌာန ၇၄၃၀၊ အာမခံအလုပ်သမား ၁၂၁၁၃၀ ကို သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းထုတ်ပေးသည့် ယနေ့အခမ်းအနားတွင် အာမခံအလုပ်သမား ၂၅၅၃၄ ဦးအတွက် ငွေကျပ် ၂၀၂၀ ဒသမ ၃၁၉ သန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံ အလုပ်သမား ၇၈၃၄၂ ဦးအတွက်  ငွေကျပ် ၆၂၃၆ ဒသမ ၅၄၆ သန်းကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် စနစ်တကျပေးအပ်နိုင်ခဲ့ပြီး လျှောက်ထားလာသည့်အလုပ်သမားများ၏ ၉၉ ဒသမ ၁၆ ရာခိုင်နှုန်းကို
ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

ထို့ပြင်   ခွင့်ပြုပေးရန်ကျန်ရှိသည့် အာမခံအလုပ်သမား ၂၂၉ ဦးတို့၏ သားသမီး ၃၁၃ ဦးတို့ အတွက် ပညာသင်စရိတ် ငွေကျပ် ၁၂ ဒသမ ၁၀၈ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား  ၁၁၂၁၉ ဦးတို့၏ သားသမီး ၁၅၂၁၃ ဦးတို့အတွက် ပညာသင်စရိတ် စုစုပေါင်းငွေကျပ် ၅၉၈ ဒသမ ၉၀၅ သန်းကို ပေးအပ်ပြီးဖြစ်၍ လျှောက်ထားသည့် အလုပ်သမားများ၏ ၉၅ ဒသမ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်းငွေကျပ် ၂၀၂၀ ဒသမ ၃၁၉ သန်းနှင့် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ငွေကျပ် ၁၂ ဒသမ ၁၀၈ သန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲဖွင့်ပွဲကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊  အလုပ်သမားအဖွဲ့ချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက အဆိုပါနှီးနှောဖလှယ်ပွဲကို အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများအတွက် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများထွက်ပေါ်လာစေရန်ရည်ရွယ်၍   ပြုလုပ်ရခြင်းဖြစ်သောကြောင့် နှီးနှောဖလှယ်ပွဲသို့  တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကိုဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေများ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC)ဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းကြောင့် အငြင်းပွားမှုများလျော့နည်းလာ သည့်အခြေအနေများနှင့်တက်ရောက်သူများက မိမိတို့၏ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာကြစေလိုကြောင်းပြောကြားပြီး ပထမပိုင်းအစီအစဉ်ရုပ်သိမ်းကာ ဒုတိယပိုင်း အစီအစဉ်ဆွေးနွေးပွဲများကို  ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။