မန္တလေးမြို့ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးမြို့ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်


Ministry of Information/ Naypyitaw / November 12, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၂

မန္တလေးမြို့ နန်းမြို့တွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသူများ၊ ပညာရည်ချွန်ဆုရရှိကြသူများနှင့် မြို့နယ်အဆင့်အားကစားပြိုင်ပွဲများနှင့် ကာယ၊ဉာဏပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။