မဝေးတော့သည့်အနာဂတ်

မဝေးတော့သည့်အနာဂတ်


Ministry of Information/ Naypyitaw / July 18, 2025
image_latest


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တပ်မတော်စစ်ကြောင်းများက အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး၊ မိုင်းရှင်းလင်းရေး၊ အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ရုံး၊ ဌာနအဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူတို့ကမူ ၎င်းတို့၏ မီဒီယာမှတစ်ဆင့် နောင်ချိုကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြား သိက္ခာဆယ်နေကြသော်လည်း ၎င်းတို့အဖို့ တားဆီး၍မရနိုင်တော့သည့် ရှုံးနိမ့်မှုနေ့ရက်များစတင်လာပြီဖြစ်သည်။ သတင်းတွင်ပါရှိသော အချက်အလက်များအရ “တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ စိတ်ဓာတ်ရေးရာကို ပြင်းထန်စွာရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုကို အပြည့်အဝရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု”။

“တိုက်ပွဲကာလများမတိုင်မီ နိုင်ငံရေးခံယူချက်မတူညီမှုကြောင့် တပ်မတော်အား မထောက်ခံသူလူအနည်းစုဖြစ်သော အရပ်သားပြည်သူအချို့နှင့် နေအိမ်၊ ဥစ္စာပစ္စည်းများကို စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် ၎င်းတို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လက်အောက်သို့ရောက်ရှိသွားပါက အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျသွားနိုင်သည်ကို လက်တွေ့သဘောပေါက်နားလည်လာသည့်အတွက် တပ်မတော်အား စိတ်အားထက်သန်စွာ အားပေးထောက်ခံလာကြပြီး မြေပြင်သတင်းရရှိမှုများအား နီးစပ်ရာတပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့မှု” စသည့်အချက်များမှာ အကြမ်းဖက်သောင်းကျန်းသူ ရှင်းလင်းရေးတိုက်ပွဲများဆင်နွှဲရာတွင် အရေးပါပြီး အောင်ပွဲများရရှိရေးတွင်လည်း အရေးကြီးသည်။

မြန်မာနိုင်ငံအတွင်း ဒေသအများအပြားတို့တွင် တိုင်းရင်းသားအမည်ခံ အကြမ်းဖက်လက်နက်ကိုင်များ၊ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက နယ်မြေစိုးမိုးထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြရာတွင် ကာလကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့၏ ဇာတိမှန်၊ သရုပ်မှန်ကို ပြသလာခဲ့ကြသည်။ အစောပိုင်းတွင် ၎င်းတို့၏ ဝါဒမှိုင်းမိ၍ဖြစ်စေ၊ အကြောက်တရားကြောင့်ဖြစ်စေ ၎င်းတို့အား ကြိုဆိုခဲ့ကြသူများမှာ ကြာကြာဝါးမှ ခါးမှန်းသိခဲ့ကြရခြင်းဖြစ်သည်။ နောင်ချိုတွင်သာမက အကြမ်းဖက်အုပ်စုများ၊ လက်နက်ကိုင်သောင်းကျန်းသူများလက်အောက် ကျရောက်နေသည့် နယ်မြေဒေသတိုင်းမှာ သေနတ်ပြောင်းဝမှထွက်သည့် အာဏာကိုကြောက်နေကြရကြောင်း မကြာခဏထွက်ပေါ်လာသည့် သတင်းများအရ သိရှိရသည်။ အကြမ်းဖက်အားပေး ပြည်ပြေးမီဒီယာများက မည်မျှပင် အမွှမ်းတင်ပေးနေကြစေကာမူ အကြမ်းဖက်သောင်းကျန်းသူနယ်မြေများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူစိတ်ကင်းမဲ့စွာ ကျူးလွန်ကြသည့် ရွံရှာစက်ဆုတ်ဖွယ်မှုခင်းများ၊ အကျင့်သိက္ခာကင်းမဲ့စွာ ကိုယ်ကျိုးရှာမှုများ စသည်တို့မှာ တိုင်းသိပြည်သိဖုံးဖိ၍မရအောင်လည်း ပေါ်ထွက်လာတတ်သည်။ ၎င်းတို့၏ ဥပဒေမဲ့မမှန်မကန်လုပ်ရပ်များပေါ်လာသည်နှင့်အမျှ တစ်ချိန်က ၎င်းတို့ကိုထောက်ခံအားပေးနေသူများမှာလည်း လျော့ပါးလာခဲ့ပြီဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့အနေဖြင့် ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ပေးထားပြီး ယခုနောက်ဆုံးတွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသူများကိုပါ နိုင်ငံရေးလမ်းကြောင်းဆီသို့ဝင်လာနိုင်ရန် အခွင့်အလမ်းပေးထားပြီဖြစ်သည်။ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွင်လည်း ယခုနှစ်ကုန်ပိုင်းတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရက နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည့် နိုင်ငံရေးအခင်းအကျင်းသစ်များ မဝေးတော့သည့်အနာဂတ်တွင် ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ငြိမ်းချမ်းစွာ ပူးပေါင်းပါဝင်တည်ဆောက်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Posted on Jul 19, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025
AnnouncementsExplore more >

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 19, 2025

၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted on Jul 18, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

Posted on Jul 18, 2025

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်