မိတ်ဖက်နိုင်ငံများအဖြစ် တည်ရှိမှုအဓွန့်ရှည်ကြာ ပိုမိုခိုင်မာ

မိတ်ဖက်နိုင်ငံများအဖြစ် တည်ရှိမှုအဓွန့်ရှည်ကြာ ပိုမိုခိုင်မာ


Ministry of Information/ Naypyitaw / June 02, 2026
image_latest


အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါပူးတွဲကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့် နီးကပ်သောမိတ်ဖက်အဖြစ် ရပ်တည်မှုကိုလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဘုံတူညီသောကတိကဝတ်များ ထားရှိမှုကိုလည်းကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်ဟူ၍ ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံတော်သမ္မတသည် အဆိုပါခရီးစဉ်အတွင်း မေ ၃၁ ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ တပ်ဂျ်မဟာလ်ဟိုတယ်၌ကျင်းပသော မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားပြီး အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍများ၊ နိုင်ငံတော်တွင်လိုအပ်နေသည့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်ပါက ဦးစားပေးဝန်ဆောင်မှုများဖြင့် အထူးပံ့ပိုးဆောင်ရွက်ပေးသွားမည့်အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည့်အပြင်ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို အထူးအလေးထားဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ် (Digital Transformation) သို့ အသွင်ကူးပြောင်းလျက်ရှိရာတွင် မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂ဝ၃ဝ ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အားကောင်းလာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အထူးဖိတ်ခေါ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အလေးထားသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) များကို အပြည့်အဝကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။

အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံသည့်မူဝါဒ (Act East Policy) နှင့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighbourhood First Policy) တို့အရလည်းကောင်း၊ ပထဝီစီးပွားရေးအရလည်းကောင်း မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် အလားအလာကောင်း များစွာရှိနေသည်။ ထို့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့်သော့ချက်များဟုအဆိုရှိသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi- Modal Transit Transport Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral High-way) တို့ကို အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်အတူ အဆိုပါစီးပွားရေးစင်္ကြံများတစ်လျှောက် အထူးစီးပွားရေးဇုန်များ ( SEZs) နှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs) များတွင်လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံကထောက်ခံကြောင်း အိန္ဒိယဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ခြင်းနှင့် မြန်မာနိုင်ငံ၏နယ်မြေအား အိန္ဒိယနိုင်ငံ၏လုံခြုံရေးကို ထိခိုက်စေရန် အသုံးပြုခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်းပြောကြားခဲ့ခြင်းတို့မှာ နှစ်နိုင်ငံအကြား ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများအဖြစ် တည်ရှိမှုကို အဓွန့်ရှည်ကြာ ပိုမိုခိုင်မာစေမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်သည် မပြီးဆုံးသေးဘဲ ကျန်ရှိနေသည့် တွေ့ဆုံဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်များက အိန္ဒိယနှင့် မြန်မာတို့၏ ရှိရင်းစွဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့်စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာစေမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားများကို တိုးတက်ဖြစ်ထွန်းစေ မည်ဖြစ်ပါသည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026
AnnouncementsExplore more >

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Jun 1, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Jun 1, 2026

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ