မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်
မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်
Ministry of Information/ Naypyitaw / September 03, 2025

နေပြည်တော် စက်တင်ဘာ ၂
မိုးစပါးစိုက်ပျိုးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးမှူးတို့က ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးသည့်အခြေအနေ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ပေါင်းစပ်အသုံးပြုနည်းနှင့် သွင်းအားစုများ စနစ်တကျထည့်သွင်းနည်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာများသွင်းအားစုများကို တောင်သူများထံပေးအပ်ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၈၂၃ အဆင့်မြင့်လယ်ယာမြေဧကရှင်းလင်းဆောင်သို့ သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မှာကြားပြီး နေပြည်တော်စိုက်ပျိုးရေးဦးစီးမှူးက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ပေါင်းစပ်အသုံးပြုပုံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဓာတ်မြေဩဇာများ၊ နေပြည်တော်ကောင်စီဝင်များက အောင်နိုင်တိုးမျိုးစပါးများ၊ ဓာတ်မြေဩဇာများနှင့် EM များကို တောင်သူများထံပေးအပ်ကြပြီး ဗေဒါရိုး၊ နှမ်းရိုး၊ မြေပဲခွံတို့ဖြင့် သဘာဝမြေဆွေးပြုလုပ်နည်းကို သရုပ်ပြသမှု၊ တောင်သူဒေါ်ဝင်းမော် ၏ လယ်မြေ ၁၀ ဧကတွင် ရေဆင်းပေါ်ဆန်းစပါးမျိုးကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ပတ္တာကျေးရွာသို့သွားရောက်ပြီး ပဒါန်းဆည်ရေသောက်စနစ်အတွင်းရှိ လက်တံမြောင်း အမှတ်(၂) ပြန်လည်တူးဖော်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု
Posted on Sep 2, 2025အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု