မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား အထွက်တိုး မျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ ပေးအပ်
မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား အထွက်တိုး မျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ ပေးအပ်
Ministry of Information/ Naypyitaw / June 28, 2025

နေပြည်တော် ဇွန် ၂၇
သမဝါယမအသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့မှ မိုးစပါးစိုက်သမဝါယမ အသင်းသားတောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျော်ဘွယ်မြို့နယ် ကထိန်ရာပြည့်သာသနာ့ဗိမာန်တော်၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ အချိန်မီ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများဈေးကွက်ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက ချိတ်ဆက်ဆောင် ရွက်ပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ် တို့အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ရန်ကုန်-မန္တလေးကားလမ်းမကြီးမှ သူဌေးကုန်း- ကျောင်းကုန်း-အုန်းပင်ခြံ-လက်ပံတော-သရက်ပင်လမ်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သောနေရာအား ကွန်ကရစ်ရေပြွန်တည်ဆောက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ မင်းလှသာစည်ကျေးရွာရှိ လူဦးရေ ၄၆၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ရန်ကုန်-မန္တလေးကားလမ်းမကြီးမှ မင်းလှသာစည်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကျေးရွာရှိ တောင်သူ ၁၂ ဦး၏ စိုက်ပျိုးမြေဧက ၃၀ အကျိုးပြုပေးလျက်ရှိသည့် မင်းလှသာစည်ကျေးရွာ ဆိုလာစိုက်ပျိုးရေရရှိရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်း သင်တန်းသူများ၏ စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း တပ်ကုန်းမြို့ “လှ” ချည်မျှင် ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း