မိုးညှင်းထောင်၌ ထောင်အာဏာပိုင်များက ခြိမ်းခြောက်ငွေတောင်းဟု မဟုတ်မမှန်ရေးသားဖော်ပြ
မိုးညှင်းထောင်၌ ထောင်အာဏာပိုင်များက ခြိမ်းခြောက်ငွေတောင်းဟု မဟုတ်မမှန်ရေးသားဖော်ပြ
Ministry of Information/ Naypyitaw / November 01, 2024
နေပြည်တော် အောက်တိုဘာ ၃၁
မိုးညှင်းထောင်၌ နိုင်/ကျဉ်းများထံမှ ထောင်အာဏာပိုင်များက ခြိမ်းခြောက်ငွေတောင်းသည့်အပြင် ကျန်းမာရေးမကောင်းလျှင် ဆေးဝါးကုသခွင့်မရဟူ၍ လည်းကောင်း၊ မိတ္ထီလာအကျဉ်း ထောင်တွင်သန့်ရှင်းမှုရှိသော သောက်ရေနှင့် ချိုးရေမရဟူ၍ လည်းကောင်း Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ မိုးညှင်းဗဟို အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိပြီး ထောင်တာဝန်ခံအရာရှိသည် မည်သည့်အကျဉ်းထောင်ဝန်ထမ်း ကိုမဆို အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူများနှင့် ငွေကြေး ပတ်သက်ဆက်နွှယ်ခြင်း၊ တောင်းခံခြင်းများ မပြုလုပ်ရန် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်သည်ဟု စစ်ဆေး ပေါ်ပေါက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရသည်။
မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းထောင်ဆေးရုံအုပ် မရှိသော်လည်း တာဝန်ခံဆရာဝန်နှင့် အမျိုးသား သူနာပြုတစ်ဦးတို့က ကျန်းမာရေးမကောင်းသည့် အကျဉ်းသား အကျဉ်းသူများအား နေ့စဉ် ကြည့်ရှုကုသပေးလျက်ရှိကြောင်း၊ ထို့ပြင် ဆေးရုံတင်ပို့ ကုသရမည့် အကျဉ်းသား အကျဉ်းသူများအား မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ကုသပေးလျက်ရှိသည့်အပြင် လိုအပ်သည့်ဆေးဝါးများနှင့် ကုန်ကျစရိတ်များကို ဦးစီးဌာန ရန်ပုံငွေမှ ကျခံဆောင်ရွက် ပေးလျက်ရှိကြောင်း။
မိုးညှင်းဗဟိုအကျဉ်းထောင်ရှိ အဆောက်အဦ ပြင်ဆင်ခြင်းများအား ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မည်သည့်အကျဉ်းသား တစ်ဦးတစ်ယောက်ထံမှ အဆောက်အဦ ပြင်ဆင်စရိတ် တောင်းခံခြင်း၊ ငွေကြေးတောင်းခံခြင်းများ မရှိကြောင်း၊ အကျဉ်းထောင်ရှိ အိပ်ဆောင်များတွင် အချို့အခန်းများသည် ဆွေးမြည့် ပျက်စီးနေသည့်အတွက် အကျဉ်းသားများ၏ လုပ်အားဖြင့် ပြင်ဆင်ခြင်း၊ ရုံးသုံးပရိဘောဂများ ပြုပြင်ခြင်းတို့သာ ဆောင်ရွက်မှုရှိပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထောင်တွင်းပစ္စည်း ရောင်းချခွင့်မရှိဘဲဥပဒေအရ တင်းကျပ်စွာ တားမြစ်ထားပြီး အကျဉ်းသားများအပ်နှံထားသောငွေဖြင့် ပစ္စည်းများဝယ်ယူပေး သောစနစ်ဖြင့် ဝယ်ယူပေးရာတွင်လည်း ပြင်ပတွင် ရောင်းနေသော ဈေးနှင့်မကွာခြားစေရန် စီစဉ်ဆောင်ရွက်ထားရှိပြီး အကျဉ်းသားအပေါ် အဆမတန်ဈေးတင်ခြင်း၊ အမြတ်ထုတ်ခြင်းပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် သည့်အတွက် Khit Thit Media အမည်ခံ Facebook Pageက ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်း ဖြစ်သည်။
ထို့အတူ Khit Thit Media အမည်ခံ Facebook Page က ဖော်ပြထားသော မိတ္ထီလာအကျဉ်း ထောင်တွင် သန့်ရှင်းမှုရှိသော သောက်ရေနှင့်ချိုးရေမရဖြစ်နေ သည်ဟူသည်မှာ မှန်ကန်မှုမရှိဘဲ မိတ္ထီလာအကျဉ်းထောင်ရှိ အကျဉ်းသားများ၏ ချိုးရေ၊ သုံးရေ များအတွက် မိတ္ထီလာကန်မှစုပ်ယူ ကာ အကျဉ်းထောင်ရှိ ဂါလန် ၈၀၀၀ ဆံ့ ရေကန်အတွင်းသို့ ဖြည့်သွင်း၍ တစ်နေ့လျှင် ၆ နာရီ နှစ်ကြိမ် ဖြန့်ဝေပေးလျက်ရှိ ကြောင်း။
ထို့ပြင် လျှပ်စစ်မီးမလာသည့် အချိန်များတွင် မီးစက်မောင်းနှင်၍ ရေမပြတ်အောင် ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပြီး ရေများသန့်ရှင်းမှုရှိစေရန် ရေကန်များကို အမြဲမပြတ် သန့်ရှင်းဆေးကြောပေးလျက်ရှိကာ လုံလောက်မှုရှိကြောင်း၊ သောက်ရေအတွက် အကျဉ်းထောင် ရေသန့်စက်ဖြင့်နေ့စဉ် လီတာ ၃၀၀၀ ခန့် သောက်သုံးခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေသန့်စက်မှထွက်ရှိသည့် ရေသန့်များကို အိပ်ဆောင်အလိုက် လီတာ ၂၀ ဆံ့သည့်ဘူးများဖြင့် နေ့စဉ် ဖြန့်ဝေပေးလျက်ရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူထံမှ သိရသည်။
အလားတူ မိတ္ထီလာအကျဉ်းထောင်တွင် အကျဉ်းထောင်ဆရာဝန် တစ်ဦးနှင့် သူနာပြုတစ်ဦးတို့က အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူများအား ကျန်းမာရေးစောင့်ရှောက်မှု နေ့စဉ်ကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိပြီး အကျဉ်းသား အကျဉ်းသူများအား အရေပြားယားနာ ရောဂါများ မဖြစ်ပွားစေရန် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိပ်ဆောင်၊ အခန်းများ သန့်ရှင်းမှုရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည်အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းဖော်ပြခြင်းသာဖြစ်သည်။
သစ္စာ
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Oct 31, 2024အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Oct 31, 2024အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း...
Posted on Oct 31, 2024နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်( ၁၄ )တို့သို့ တက်ရောက်ရန်ကိစ္