မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းသုတေသနဆောင်ရွက်

မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းသုတေသနဆောင်ရွက်


Ministry of Information/ Naypyitaw / November 27, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ သုတေသနဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထားသည့် မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းသုတေသနစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက မိုးနှောင်းချဉ်မျှင်ရှည်ဝါ စမ်းသပ်စိုက်ပျိုးထားသည့် KTK-1 ၊ ငွေချည်-၁၁ ၊ RaKA-666 ၊ ရွှေတောင်-၈ ၊ B-31 မျိုးများ ယှဉ်ပြိုင်စိုက်ပျိုးထားခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မျက်မြင်တွေ့ရှိမှုမှတ်တမ်းများကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဝါသီးနှံကဏ္ဍ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ဝါမျိုးမြှင့်တင်ခြင်းလုပ်ငန်းကို အလေးထားဆောင် ရွက်ရန်လိုကြောင်း၊ လိုအပ်သည့်ပညာရှင်များ မွေးမြူလေ့ကျင့် ပေးရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်ဝါမျိုးစေ့ လွှမ်းခြုံမှုအားကောင်းလာစေရေးအတွက် မျိုးစေ့အရည်အသွေးကို မှန်ကန်စွာ ဖော်ပြသည့် Truthfully Leveled Seed System ကို ဝါစိုက်ပျိုးတောင်သူများ ပါဝင်ဆောင်ရွက်စေခြင်း၊ မျိုးစေ့သက်သက်ကြိတ်ဝါးသည့် ဝါကြိတ်စက်များ ပေါ်ပေါက်လာစေခြင်း ဖြင့် ရေရှည်တည်တံ့သော ဒေသန္တရမျိုးစေ့စနစ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လေ့လာမှုစစ်တမ်းများအရ ဝါတစ်ဧက ဆေးဖျန်းကုန်ကျစရိတ်သည် သုံးသောင်းခွဲကျပ်မှ ငါးသောင်းကျပ်ဝန်းကျင် ကုန်ကျပြီး ဝါစိုက်ပျိုးသည့် တစ်ရာသီအတွက် ပိုးသတ်ဆေးဖျန်း ခြင်း သုံးကြိမ်မှငါးကြိမ်ခန့်အထိ ဆောင်ရွက်ကြရသဖြင့် စုစုပေါင်းဝါစိုက်ဧကအတွက် ဝါစိုက်တောင်သူများက လိုအပ်မှ ထိရောက်စွာဆေးဖျန်းပါက လျော့ကျသွားမည့် ကုန်ကျစရိတ် ကိုတွက်ချက်၍ စီးပွားရေးတွက်ခြေကိုက်မှုကို စိစစ်စေလိုကြောင်း။

တောင်သူများအနေဖြင့် သီးနှံပင်များ ဖျက်ပိုးကျရောက်ပြီး စီးပွားရေးအရပျက်စီးဆုံးရှုံးမှု စတင်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အဆင့် (Economic Threshold Level – ETL)ကို သိရှိပြီး ပိုးသတ်ဆေးသုံးစွဲသည့် အကြိမ်ရေလျှော့ချနိုင်ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရမည် ဖြစ်ကြောင်း၊ ဝါသီးနှံဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် သုတေသီနှင့် နည်းပညာပြန့်ပွားရေး ပညာရှင်များအနေဖြင့် ဝါသီးနှံ၏ သဘာဝနှင့်လိုအပ်ချက်များအပြင် မျိုးဗီဇထိန်းသိမ်း ခြင်းကို ဆောင်ရွက်မည့် သုတေသီများ၊ ဝါသီးနှံဆိုင်ရာ ဇီဝကမ္မဗေဒ၊ ဝါသီးနှံဆိုင်ရာ ရောဂါဗေဒ၊ ဝါသီးနှံဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များ၊ ဝါသီးနှံအထူးပြု စိုက်ပျိုးစီးပွားနှင့် လူမှုဘဝ သုတေသီပညာရှင်များ အားလုံးပူးပေါင်းပါဝင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အာဟာရဓာတ်အသုံးချမှု ထိရောက်စေရန်၊ အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရန်၊ စိုက်ပျိုးမှုကုန်ကျ စရိတ်ထိရောက်စေရန်နှင့် မြေဆီလွှာကျန်းမာရေး တိုးတက်စေရန်တို့အတွက် ဝါပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်နှင့် မျိုးပွားကာလတွင် ဝါပင်အတွင်းဖြစ်ပေါ် ပြောင်းလဲမှုများကို စူးစမ်းရှာဖွေသွားကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝဌာနခွဲ၊ ဥယျာဉ်ခြံဌာနသို့ သွားရောက်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်း အမယ်သစ်သီးနှံ ရရှိရေး စမ်းသပ်စိုက်ပျိုးထားသည့် ဆင်ခရမ်းချဉ် စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။