မုတ်သုံအဝင်၊ အယ်နီညိုဖြစ်စဉ်နှင့် စိုက်ရေးပျိုးရေးတို့ မထိခိုက်စေရေး

မုတ်သုံအဝင်၊ အယ်နီညိုဖြစ်စဉ်နှင့် စိုက်ရေးပျိုးရေးတို့ မထိခိုက်စေရေး


Ministry of Information/ Naypyitaw / May 18, 2026
image_latest


ယခုနှစ် မေလမှ ဇူလိုင်လအတွင်း အယ်နီညို (ElNio) ရာသီဥတုစတင်ဖြစ်ပေါ်ရန် ၈၂ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) နှင့် အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲမှုအဖွဲ့ (NOAA) တို့က ထုတ်ပြန်ထားကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်း ရေပြင်အပူချိန်များ စံချိန်တင်လျင်မြန်စွာ မြင့်တက်လာနေခြင်းကြောင့် ယခုနှစ်ကုန်ပိုင်း အောက်တိုဘာမှ နောက်နှစ်ဖေဖော်ဝါရီအတွင်း အလွန်အားကောင်းသော Super El Nio အဆင့်အထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။

အဆိုပါ အယ်နီညိုရာသီဥတုဖြစ်ပေါ်လာပါက မြန်မာနိုင်ငံအပါအဝင် အာရှဒေသများတွင် အပူချိန်အလွန်မြင့်မားသည့် အခြေအနေကြုံတွေ့နိုင်သည်။ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်များဖြစ်လာနိုင်သည်ဟု ဆိုသည်။ အရှေ့တောင်အာရှဒေသတွင် ပုံမှန်ထက်မိုးရွာသွန်းမှုလျော့နည်းပြီး မိုးခေါင်ရေရှားမှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်း ခန့်မှန်းဖော်ပြထားသည်။ အပူရှိန်ပြင်းပြီး မိုးရွာသွန်းမှုလျော့နည်းခြင်း၊ မိုးခေါင်ခြင်းတို့က စပါးနှင့် အခြားသီးနှံစိုက်ပျိုးထုတ်လုပ်မှုတို့ကို ကျဆင်းစေနိုင်သည်။

“စိမ်းလန်းစိုပြည်ရေးနှင့်ပတ်သက်၍ ရာသီဥတုပူပြင်းလာခြင်းကို မိမိတို့အနေဖြင့် ပြောင်းလဲ၍မရနိုင်သော်လည်း သက်သာအောင်ဆောင်ရွက်နိုင်ကြောင်း၊ ရပ်ရွာများ၊ မြို့များအလိုက် သစ်ပင်များစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ / ယာတစ်လျှောက် စနစ်တကျဖြင့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပူပြင်းသည့်ရာသီဥတုကို တွန်းလှန်နိုင်မည်ဖြစ်သကဲ့သို့ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်နှင့် ညီညွတ်မျှတသည့် ရာသီဥတုရရှိစေနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့် မေလ ၁၅ ရက်က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်တွင် အပင်သစ်များ စိုက်ပျိုးသလို ယခင်နှစ်များက စိုက်ပျိုးထားခဲ့သည့် သစ်ပင်များကောင်းစွာရှင်သန်နိုင်ရန် ဆက်လက်ပြုစုခြင်း၊ အပင်သေများနေရာတွင် အစားထိုးပြန်လည်စိုက်ပျိုးခြင်းတို့ကို မပျက်မကွက်ပြုလုပ်ကြရန် လိုသည်။

မကြာမီကျရောက်လာတော့မည့် မိုးရာသီသစ်ပင်များစိုက်ပျိုးခြင်း၊ စပါးနှင့် အခြားသီးနှံများစိုက်ပျိုးခြင်းတို့တွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်လာပါက ကြုံတွေ့ရမည့် အပူဒဏ်နှင့် မိုးခေါင်ရေရှားမှုအန္တရာယ်တို့ကို ကျော်လွှားနိုင်ရန် စိုက်ပျိုးရေးဆိုင်ရာနှင့် ရေသုံးစွဲမှုဆိုင်ရာတို့တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးတွင် ရေအနည်းငယ်သာလိုအပ်ပြီး မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများ၊ သက်တမ်းတိုသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးချိန်ကို မိုးလေဝသကြေညာချက်စောင့်ကြည့်ပြီးမှ ချိန်ညှိဆုံးဖြတ်ခြင်း၊ မြေဆီလွှာအစိုဓာတ်ထိန်းရန် ကောက်ရိုး၊ ဖွဲပြာ၊ သစ်ရွက်ခြောက်များဖြင့် စိုက်ခင်းမြေကို ဖုံးအုပ်ပြီး ရေငွေ့ပျံခြင်းကို လျှော့ချခြင်း၊ အပင်ခြေကို တိုက်ရိုက်ရေပေးသည့် အစက်ချရေပေးစနစ် သို့မဟုတ် ရေဖျန်းစနစ်ကို အသုံးပြုခြင်းစသည်ဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုမည်ဖြစ်သည်။

ရေသုံးစွဲမှုနှင့်စပ်လျဉ်း၍လည်း မိမိတို့ဒေသအတွင်းရှိသည့် ရေအရင်းအမြစ်များကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲကြရန်လိုသည်။ ရေလုံလောက်စွာ ရရှိရေးအတွက် ရေစုဆောင်းသည့်အလေ့အကျင့်ကောင်းများလည်းရှိကြရန် လိုအပ်ပြီး စုဆောင်းထားသည့်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများနှင့် သောက်သုံးရေတို့အတွက် အကျိုးရှိစွာသုံးစွဲကြရမည်ဖြစ်သည်။

အယ်နီညိုဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းတွင် မိုးခေါင်ခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေရာ ယခုနှစ်တွင် တောမီးလောင်ကျွမ်းမှုများ ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်လာနိုင်သည်ဟု ပညာရှင်များက သတိပေးထားသလို ယခုနှစ်အစောပိုင်းကပင်စကာ တောမီးလောင်ကျွမ်းမှု စံချိန်တင်မြင့်မားနေပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ မေလပထမပတ်အထိ တစ်ကမ္ဘာလုံးတွင် ဟက်တာပေါင်း ၁၆၃ သန်းကျော် လောင်ကျွမ်းထားခြင်းကြောင့် ၂၀၁၂ ခုနှစ်မှ စတင်မှတ်တမ်းတင်ထားသည့် စံချိန်များထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွက် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်နေပြီး မေလ ၁၈ ရက်မှ ၂၂ ရက်အတွင်း သို့မဟုတ် မေလ ၂၁ ရက်မှ ၂၄ ရက်အတွင်း တစ်နိုင်ငံလုံးသို့ အားကောင်းစွာ ပျံ့နှံ့ဝင်ရောက်မည်ဟု ခန့်မှန်းထားရာ မုတ်သုံဝင်ရောက်ချိန် မိုးလေဝသဖြစ်စဉ်များကို သတိပြုရန်နှင့် အယ်နီညိုအစွန်းရောက်ရာသီဥတု ဖြစ်စဉ်၏သက်ရောက်မှုများကို သတိပြုနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည့် မိုးလေဝသသတင်းများကို သတိပြုနားထောင်ပြီး စိုက်ရေးပျိုးရေးတို့ကို အောင်မြင်အောင် ပြင်ဆင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း