မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း(ပထမ)အကြိမ်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(ဒုတိယအကြိမ်)သင်တန်းဆင်း
မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း(ပထမ)အကြိမ်နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(ဒုတိယအကြိမ်)သင်တန်းဆင်း
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 11, 2025

ဘားအံ ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေး စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း(ပထမအကြိမ်)နှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူ ကျေးရွာ၊ ရေပူကျောင်းကြီးဓမ္မာရုံ၌ ကျင်းပသည်။
ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်း သင်တန်းသား/သူများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သောနည်းပညာရပ်များကို ပိုမိုကျွမ်းကျင်တတ်မြောက် အောင် လက်တွေ့နယ်ပယ်တွင်ပြန်လည်အသုံးချရင်း ကိုယ်ပိုင်လုပ်ငန်းငယ်များလုပ်ကိုင်၍ အောင်မြင်သော လုပ်ငန်း ရှင်များအဖြစ် ထူထောင်ဆောင်ရွက်နိုင်ကြပါစေကြောင်းပြောကြားပြီး မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း ပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းသင်တန်းသား/သူ များအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က သင်တန်းထွက်ကုန်ချောပစ္စည်းများကို ပေးအပ်ပြီး အောက်ရေပူကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် သင်တန်းသား (၁၀)ဦး၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသူ(၁၀)ဦး သင်တန်ဆင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်းသင်တန်းသား/သင်တန်းသူများ၊ ကျေးရွာနေပြည်သူများ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းဆင်းများကိုယ်တိုင်ဆောင် ရွက်ထားသော သစ်သီးဖျော်ရည်၊ ယို၊ ဂျယ်လီ အစရှိသော သင်တန်းထွက်ကုန်များကို ကြည့်ရှုအားပေး၍ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။
Posted on Aug 10, 2025
မြန်မာနိုင်ငံပြန်တမ်း
Posted on Aug 13, 2025အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးကို သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း
Posted on Aug 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း
သတင်းထုတ်ပြန်ချက်
Posted on Aug 9, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။