မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / November 29, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဥပဒေရုံး၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အအုံသစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ “Building Legal Trust For The People” “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ဆိုသည့် မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိရာ ရုံး၊ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်စေခြင်းသည် ရည်မှန်းချက်ပန်းတိုင်များတွင် ပါဝင်ပြီး ပထမဦးစားပေးအနေဖြင့် ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးအပါအဝင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ခရိုင်ဥပဒေရုံး သုံးရုံး၊ မြို့နယ်ဥပဒေရုံး ၁၀ ရုံး၊ အရာထမ်းအိမ်ရာ (သီးသန့်) ရှစ်လုံးနှင့် မြို့နယ်ဥပဒေရုံးနှင့် အရာထမ်း အိမ်ရာတွဲလျက် ၁၃ ရုံးတို့ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်းပြောကြားပြီး ရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် အဂတိလိုက်စားမှုကင်းရှင်းစေရေးကို အထူးဂရုပြုကြရမည်ဖြစ်ကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ လူမှုဆက်ဆံရေး၊ မိမိ၏ ပုဂ္ဂိုလ်ရေးနှင့် သက်ဆိုင်သည့်ကိစ္စများတွင် ဥပဒေအရာရှိကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ရာထူးအဆင့်နှင့် လျော်ညီစွာပြုမူကျင့်ကြံနေထိုင်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။