မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် Student’s Cultural Exchange programme ပိတ်ပွဲအခမ်းအနား ကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် Student’s Cultural Exchange programme ပိတ်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / November 13, 2025
image_latest


ရန်ကုန် နိုဝင်ဘာ  ၁၂

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သော မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၅)ဖြင့် “Student’s  Cultural Exchange Programme” ကို နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကျင်းပသည်။

ပြောကြား

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတွင် ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍဖလှယ်ခြင်းသည် အရေးပါသည့်ကဏ္ဍများထဲက တစ်ခုဖြစ်ကြောင်း၊ နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် နားလည်ပေးနိုင်မှုတို့အပေါ် အခြေခံထားသော နွေးထွေးသောချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဆရာနှင့် ကျောင်းသားကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ကာ ကျောင်းသားကိုယ်စားလှယ်တစ်ဦးစီက ကျေးဇူးတင်စကား ပြောကြားပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့်ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာဦးစီးဌာနမှ  ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ယနေ့နံနက်ပိုင်းတွင် Student’s Cultural Exchange program တွင်ပါဝင်သော  ဆရာ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမျိုးသားပြတိုက်နှင့်ဝန်ကြီးများရုံးသို့လေ့လာခဲ့ကြပြီး ယဉ်ကျေးမှုဖလှယ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆောင်ရွက်သင့်သော လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို နိုင်ငံအလိုက် ဆွေးနွေးကြသည်။

အနှစ်ချုပ်ဆွေးနွေး

နိုဝင်ဘာ ၁၀ ရက်တွင် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းသားကျောင်းသူများ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာကျောင်းသားကိုယ်စားလှယ်က မြန်မာကျောင်းများ၏ အလေ့အထ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာများ၊ တရုတ်နိုင်ငံ ကျောင်းသားကိုယ်စားလှယ် က Chongqing Education System အလေ့အထဆိုင်ရာများနှင့် ထိုင်းနိုင်ငံ ကျောင်းသားကိုယ်စားလှယ်က ပညာရေး၊  ရိုးရာယဉ်ကျေးမှုအနုပညာဆိုင်ရာများကို တင်ပြဆွေးနွေးကြပြီး တာဝန်ရှိသူများက အနှစ်ချုပ်ဆွေးနွေးကြသည်။

နိုဝင်ဘာ ၁၁ ရက်တွင် Student’s Cultural Exchange program  တွင်  ပါဝင်သော ဆရာ၊ ကျောင်းသား  ကျောင်းသူများနှင့်  တာဝန်ရှိသူများသည် ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် ရွှေတိဂုံစေတီတော်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Posted on Nov 11, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Posted on Nov 10, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 09, 2025
AnnouncementsExplore more >

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Posted on Nov 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

HOT NEWS
January 4,