မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်

မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / December 22, 2025
image_latest


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါသည်။ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်ပါသည်။

၂။       ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၂၅-၁၂-၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့မှ ရွေးကောက်ပွဲကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့် အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်ပါသည်။

၃။      ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်များ [ ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် ( ၅၆ ) မြို့နယ်မပါ ] တွင် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၅ - ၁ - ၂၀၂၆ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။