မျိုးဆက်အားလုံးကျန်းမာရေး ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မျိုးဆက်အားလုံးကျန်းမာရေး ကာကွယ်ဆေးထိုးနှံတိုက်ကျွေး


Ministry of Information/ Naypyitaw / May 13, 2026
image_latest


ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဆိုထားသည်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တားဆီးထားခြင်းအားဖြင့် ရောဂါဘယများ အထူးသဖြင့် ကူးစက်ရောဂါများမှ ကင်းဝေးမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ပုံမှန်ဖြစ်ပွားနေကျ ကူးစက်ရောဂါအမျိုးမျိုးအပြင် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယခုနောက်ဆုံးပေါ်ကာကွယ်ဆေးမရှိသေးသည့် ဟန်တာဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုးဖြစ်ပွားမှုနှင့်ပတ်သက်၍ မဖြစ်မီက ကြိုတင်ကာကွယ်တားဆီးထားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုလွှမ်းခြုံမှုကို ဆန်းစစ်ကြည့်ရာတွင် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ၁၈၈၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဆုံဆို့၊ ကြက်ညှာ၊ ချောင်းဆိုး၊ ဝက်သက်၊ မေးခိုင်စသည့် ရောဂါ ၁၃ မျိုးကို ကာကွယ်ဆေးများဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ တိုးချဲ့ထိုးနှံပေးလျက်ရှိပြီး မျိုးဆက်တိုင်းအတွက် ရောဂါကာကွယ်ပေးလျက်ရှိသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်ဆေးများ၏ လွှမ်းခြုံမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းအောက်သာရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ရောဂါကာကွယ်ဆေးများ၏ လွှမ်းခြုံနိုင်မှုအခြေအနေသည် ၈၀ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိခဲ့သည့်အတွက် ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းပါရှိသဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစီမံချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီးတွင် ရက်သတ္တပတ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားနိုင်ရေး ကာကွယ်ဆေးတိုက်ကျွေးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါနှင့် အခြားရောဂါများအတွက်လည်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ယခုနှစ်အတွက် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနား၏ဆောင်ပုဒ်သည် For Every Generation, Vaccines Work ဖြစ်ပြီး “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” ဟုဆိုထားသည်။ အဆိုပါအထိမ်းအမှတ်အခမ်းအနားဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်သည် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် ရောဂါဘယဘေးမှ တားဆီးပေးနိုင်သည်ဆိုသည့်အသိပညာကို မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကူးစက်မြန်ရောဂါများ မဖြစ်ပွားရန်၊ ၎င်းရောဂါများကြောင့် အသက်သေဆုံးရခြင်းများမှ ကာကွယ်ရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပွားစေရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ကလေးမိဘများအနေဖြင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်၍ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသောကြောင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ အစုအပြုံလိုက် ဖြစ်ပွားမှုမရှိတော့ပေ။ နိုင်ငံတော်အနေဖြင့် ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရရှိနိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေမှ အလုံးစုံကျခံပြီး ဝယ်ယူသည့်နည်းလမ်း၊ နိုင်ငံတော်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတို့ အချိုးကျထည့်ဝင်၍ ဝယ်ယူသည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ် နိုင်ငံပိုင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်အထိ ကျခံသုံးစွဲလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ နိုင်ငံတစ်ဝန်း လွှမ်းခြုံ၍ အလေးထားဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူလူထု အသက်ရှည်ကျန်းမာရေး၊ မျှော်မှန်းလူ့သက်တမ်း မြင့်မားရေးနှင့် အနာဂတ်မျိုးဆက်များ ကျန်းမာကြံ့ခိုင်ရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးထိုးနှံခြင်းနည်းလမ်းများသည် မဖြစ်မီက ကြိုတင်ကာကွယ်တားဆီးထားသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် လုပ်ငန်းစဉ်များဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အလေးထားဦးစားပေး ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများနှင့်အတူ လူမှုအသိုက်အဝန်းတစ်ရပ်လုံးက တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026
AnnouncementsExplore more >

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း