မြင်းခြံမြို့မှ ကျေးရွာ ၅ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

မြင်းခြံမြို့မှ ကျေးရွာ ၅ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / April 23, 2024
image_latest


နေပြည်တော် ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဆင်ချောင်းကျေးရွာ၊ ရန္တပိုကျေးရွာ၊ ကိုင်းကျေးရွာ၊ ညောင်တိုကျေးရွာတို့ကို ဧပြီလ ၂၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများက မြင်းခြံမြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများမှ ငွေကြေးနှင့် စားနပ်ရိက္ခာများကောက်ခံခြင်း၊ ဒေသခံပြည်သူများကို အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် မတရားဖမ်းဆီးနှိပ်စက်နေကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများအနီးသို့ သွားရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများအတွင်းမှ လက်လုပ်လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ ဒေသခံနေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများတွင် PDF အမည်ခံအကြမ်းဖက်သမားများဝင်ရောက်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024
AnnouncementsExplore more >

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Posted on May 3, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

HOT NEWS
January 4,