မြန်မာနိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူများအား ဖမ်းဆီးရမိ

မြန်မာနိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူများအား ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / January 07, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၆

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းခေါ်ဆောင်လာသည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ်သုံးဦးအပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ် အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် စိစစ်မေးမြန်းချက်များအရ ၁၁ ဦးအနက် မနှင်းအိဖြူပါ ကိုးဦးအား ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၇ လမ်း (အထက်) ဒုတိယထပ် အမှတ်(၂၂၀)ရှိ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်)ဗလတို့က တစ်ဦးလျှင် ဝန်ဆောင်ခငွေကျပ်သိန်း ၈၀ စီ ရယူ၍လည်းကောင်း၊ မောင်ကျော်မင်းထွန်းပါနှစ်ဦးအား ကျောက်တံတား မြို့နယ်အနော်ရထာလမ်းနှင့် (၃၉)လမ်းထောင့်၊ Central Tower တတိယထပ် အခန်း (၃၀၂) ရှိ လျမ်းထက်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ စုမြတ်(ခေါ်) စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီ ရယူ၍လည်းကောင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ကြောင်း သိရှိရသဖြင့် မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို ဥပဒေအရအမှုဖွင့်လှစ်အရေးယူခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ရာ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ဝဏ္ဏဇော် (ခေါ်)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်သူများဖြစ်သည့် ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် စေတနာသုခလမ်း အမှတ်(၇၂/ ၃ လွှာ-စီ)နေညိုမင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် မာလာမြိုင်(၉)လမ်း၊ အမှတ်(၁၁/ ၅ လွှာ-ယာ)နေ ဂျွန်ကိုကို (ခေါ်)ဂျွန်ကိုနှင့် ၎င်း၏ဖခင်ဖြစ်သူ ထွန်းရီ၊ မြန်မာနိုင်ငံကူးလက်မှတ် အတုများကို ဂျွန်ကိုကိုထံ အပ်နှံပြုလုပ်၍ အလုပ်သမားများကို မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးသူများ ဖြစ်သည့် ပန်းဘဲတန်းမြို့နယ် အမှတ်(၈)ရပ်ကွက် လမ်း(၃၀/အထက်) အမှတ်(၂၀၀)နေ စန်းဝင်း(ခေါ်)ရဖီးနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ဗထူးလမ်းသွယ်ထောင့် အမှတ်(၁)နေ သန့်ဇင်ဦးတို့ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ နွယ်နီလှိုင်မင်း၊ ဗလ၊ စုမြတ်၊ စန်းဝင်း နှင့် သန့်ဇင်ဦးတို့သည် မလေးရှားနိုင်ငံရောက် ကျော်စွာဆိုသူက မြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်ပေးရန် အလုပ်အပ်နှံမှုအပါအဝင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို စုဆောင်း၍ အခကြေးငွေ ကျပ်သိန်း ၈၀ ရယူပြီး ကျော်စွာအား ငွေကျပ် ၁၇ သိန်း၊ ဇော်လင်းပိုင်နှင့် မျိုးလေး (ခေါ် ) ဖာရွတ်တို့အား ထိုင်းဘတ်ငွေ ၂၀၀၀၀ (မြန်မာ ငွေကျပ် ၂၄ သိန်း)စီ၊ အထွေထွေကုန်ကျစရိတ်ငွေကျပ်နှစ်သိန်း ကုန်ကျခဲ့ရာ နွယ်နီလှိုင်မင်းနှင့် ဗလတို့က ငွေကျပ် ၁၃ သိန်း အကျိုးအမြတ်ရယူ၍ မလေးရှားနိုင်ငံနေ မျိုးလေး၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အတုပြုလုပ်သူ ဂျွန်ကိုကိုထံ အပ်နှံအတုပြုလုပ်၍လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်မှ အချက်အလက်များကို ပြုပြင်အတုပြုလုပ်သူ ညိုမင်းထံ အပ်နှံပြုပြင်၍လည်းကောင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ကာ အလုပ်သမားများကို ရန်ကုန်မြို့သို့ ခေါ်ယူစုစည်း၍ ရန်ကုန်မြို့မှ ခရီးသည်တင်ယာဉ်ဖြင့် မြဝတီမြို့သို့ ပို့ဆောင်ပေးကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့သို့ ရောက်ရှိပါက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ဇော်လင်းပိုင်ဆိုသူ၏ ကိုယ်စားလှယ်ဖြစ်သူ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင်မြေရွှေဘိုရပ်နေ သက်နန္ဒာဝင်းက အမှတ်(၁)မြန်မာ-ထိုင်းချစ်ကြည် ရေးတံတားမှ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့်လည်းကောင်း၊ တရားမဝင်လမ်းကြောင်းများမှလည်း ကောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ပို့ဆောင်ကြောင်း၊ မဲဆောက်မြို့သို့ရောက်ရှိပါက ဇော်လင်းပိုင်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်ကတ်)အတုများ ထုတ်ပေးကာ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကြောင်း၊ ဘန်ကောက်မြို့သို့ ရောက်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်ဝယ်ယူ၍ ထိုင်းနိုင်ငံတောင်ပိုင်းရှိ နရာသီဝမြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ပေးကြောင်း၊ နရာသီဝမြို့သို့ရောက်ရှိပါက မျိုးလေး၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံနယ်စပ်က လန်တန်းမြို့သို့ တရားမဝင်ရေလမ်းကြောင်းမှ လှေဖြင့်လည်းကောင်း၊ ကလန်တန်းမြို့မှ စာမျက်နှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တရားမဝင်ကုန်းလမ်းကြောင်းမှ မော်တော်ယာဉ်ဖြင့်လည်းကောင်း ပို့ဆောင်ကြောင်း၊ ထို့နောက် မလေးရှားနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ကိုင်ဆောင်သွားလာ အလုပ်လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိကြောင်း၊ ဂျွန်ကိုကိုအနေဖြင့် ဗလနှင့် စုမြတ်တို့အပါ ၁၄ ဦးတို့ အပ်နှံသည့် နိုင်ငံကူးလက်မှတ်အတု ၇၃၄ အုပ်အား အတုပြုလုပ်ပေးခဲ့ကြောင်းနှင့် အမှုမှထွက်ပြေးတိမ်းရှောင်နေသည့် ကျန်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Posted on Jan 06, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

Posted on Jan 7, 2025

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊...

Posted on Jan 7, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Posted on Jan 7, 2025

၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။

HOT NEWS
January 4,