မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့ ငွေရတုအထိမ်းအမှတ်အခမ်းအနားကျင်းပ

မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့ ငွေရတုအထိမ်းအမှတ်အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 27, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့(MLRC) စတင်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း၊ ပညာတန်ဆောင်စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့တို့မှ ဥက္ကဋ္ဌကြီးများနှင့်တာဝန်ရှိသူများ၊ အငြိမ်းစားပညာရှင်ကြီးများနှင့် ပညာရေးစေတနာရှင်အလှူရှင်များ၊ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်​တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန၏ ငွေရတုကာလမှတ်တမ်းဗီဒီယိုအကျဉ်းကို ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနနှင့် ပတ်သက်သည့် လုပ်ငန်းများကို မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင်ညိုက မြန်မာနိုင်ငံစာတတ် မြောက်ရေးအထောက်အကူပြု ပင်မအဖွဲ့သည် စာတတ်မြောက်ရေးအခြေပြုလုပ်ငန်းများကို အောင်အောင်မြင်မြင် စွမ်းစွမ်းတမံဆောင်ရွက်ရင်း (၂၅)နှစ်မြောက် ငွေရတုတိုင်လာပြီ ဖြစ်ပါကြောင်းနှင့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုအဖွဲ့က ဖွင့်လှစ်သည့် အာရှပစိဖိတ်ဒေသ ၏ (၁၃) ခုမြောက်စင်တာသည် မြန်မာနိုင်ငံတွင် ဖြစ်၍ Myanmar Litercy Resource Centre အဖြစ်ဖွဲ့စည်းလာနိုင်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူတို့၏ လှူဒါန်းမှုဖြင့် MLRC ကို ၂၀၀၀ ပြည့်နှစ်ဧပြီ ၂၁ ရက်တွင် မြန်မာနိုင်ငံပညာရေးကော်မတီဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖွင့်လှစ် ပေးပြီး လုပ်ငန်းအရပ်ရပ်ကို အစပျိုးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာနှင့်အဖွဲ့အစည်းများအား ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်လှိုင်နှင့် ဒေါက်တာတင်ညိုတို့က အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။ ယင်းနောက် ဒေါ်ခင်လှလှ ပညာ​ရေး​ဖောင်​ဒေးရှင်းဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်လှိုင်က မုဒိတာစကားပြောကြားပြီး NFPE အစီအစဉ်မှ ထူးချွန်သူသင်္ချာဂုဏ်ထူးတန်း ကျောင်းသူမမြင့်မြတ်သူက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ငွေရတုပြည့်မြောက်သည့် မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာနအပေါ်ထပ်ရှိ စာတတ်မြောက်ရေး အထောက်အကူပြုပညာရေးပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။