မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ (၁/၂၀၂၅) အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ (၁/၂၀၂၅) အစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / December 19, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုအစည်းအဝေးတွင် ကော်မတီ(၈)ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စာရင်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စာရင်းလုပ်ငန်းများ အောင်မြင်ထိရောက်စေရေး ကြိုးစားဆောင်ရွက်မှုများကို လျင်မြန်စွာ ပိုမိုတိုးတက်ဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတကာစာရင်းစစ်စံများ၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့် မြန်မာနိုင်ငံစာရင်းကောင်စီက ထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကို လက်တွေ့စာရင်းလုပ်ငန်းနယ်ပယ်တွင် သိရှိလိုက်နာနိုင်ရေးအတွက် MICPA ၏ CPD ဟောပြောပွဲများတွင် ဆွေးနွေးခြင်းဖြင့် အသိပညာပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ Off-site နှင့် On-site စစ်ဆေးမှုလုပ်ငန်းများ၊ အသိပညာမြှင့်တင်ရေးဟောပြောပွဲများနှင့် သင်တန်းများ စီစဉ်ဆောင်ရွက်ခြင်းအပြင် မြန်မာနိုင်ငံငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဘာသာ ရပ်ဆိုင်ရာကျွမ်းကျင်မှု အကူအညီ ရယူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်မှုရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ယခင်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် သက်ဆိုင်ရာကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဒုတိယစာရင်းစစ်ချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စစ်ဆေးရေး၊ စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။