မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသားများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသင်းအနေဖြင့် နည်းပညာနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် စားသောက်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများဖြစ်သည့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာအန္တရာယ်ကို ခွဲခြားသတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုစနစ် (HACCP)၊ အပြည်ပြည်ဆိုင်ရာ စံညွှန်းအဖွဲ့ (ISO) စသည်တို့ကို ပြည်တွင်းထုတ်လုပ်သူများ လိုက်နာနိုင်ရန်အတွက် အသိပညာပေးနှီးနှောဖလှယ်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်း၊ ဈေးကွက်ချဲ့ထွင်ရေးအတွက် အသင်းကဦးဆောင်၍ နိုင်ငံတကာကုန်စည်ပြပွဲများသို့ သွားရောက်ပြသခြင်းဖြင့် မြန်မာ့ထုတ်ကုန်များအတွက် ဈေးကွက် အသစ်များရှာဖွေပေးနိုင်ခဲ့ခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောအုတ်မြစ်ကို ချမှတ်ခြင်းဖြစ်ကြောင်း၊ စားသောက်ကုန်ကဏ္ဍသည် အောင်မြင်မှုများရှိသော်လည်း လက်ရှိကမ္ဘာ့အခြေအနေအရ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန်အတွက် အရည်အသွေးစံနှုန်းများ (Quality Standards)၊ ထုပ်ပိုးမှု (Packaging) နှင့် အမှတ်တံဆိပ် (Labelling)တို့ကို အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ အသင်း၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အသင်းသားများ၏ လိုအပ်သောအကြံဉာဏ်များ၊ ဝေဖန်သုံးသပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးကြခြင်းဖြင့် အားလုံးစုစည်းညီညွတ်သောခွန်အားဖြင့် မြန်မာ့စားသောက်ကုန်ထုတ်လုပ်မှု ကဏ္ဍသည် ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ခိုင်မာစွာရပ်တည်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး အထွေထွေအတွင်းရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်း၊ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများနှင့် အကြံပြုချက်များကို ဖြေကြားခြင်းနှင့် အတည်ပြုဆုံးဖြတ်ခြင်းများ ဆောင်ရွက်ကာ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။