မြန်မာနိုင်ငံနှင့် ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

မြန်မာနိုင်ငံနှင့် ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


Ministry of Information/ Naypyitaw / December 03, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂

မြန်မာနိုင်ငံနှင့် ဉာဏ်ရည်တုနည်းပညာ နှီးနှောဖလှယ်ပွဲ ပထမနေ့ကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပိုင်ဆယ်မြို့ရှိ ပိုင်ဆယ်အစိုးရ အရာရှိများကောလိပ်၌ကျင်းပရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာယုဇန၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ တကာဆက်ဆံရေးစင်တာ၌ကျင်းပရာ ဒုတိယဝန်ကြီးနှင့် ဒုတိယအမြဲတမ်းကျောင်းအုပ်ကြီးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အစဉ်အလာကို ပိုမိုခိုင်မြဲစေလျက်နှစ်နိုင်ငံ အေးအတူပူအမျှ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်အသိုက်အဝန်းကို အတူတကွတည်ထောင်နိုင်ရေး၊ ယခုနှစ်၌ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း(၇၅)နှစ် ပြည့်မြောက်ပြီဖြစ်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမကြီးစီမံကိန်းအပါအဝင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန် အဟုန်မြှင့်တင်ရေး၊ AI ၊ EV ၊ Smart Agriculture စသော ကဏ္ဍများတွင် နည်းပညာဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ထို့နောက် “တရုတ်နိုင်ငံပုံစံ ခေတ်မီဖွံ့ဖြိုးရေးလမ်းစဉ်၏ သီအိုရီနှင့် လက်တွေ့ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် အထူးဟောပြောပွဲကို ကျင်းပရာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံစီးပွားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Yang Cong က နောက်ခံသမိုင်းများ၊ အထူးဝိသေသ လက္ခဏာများဖြစ်သည့် ပြည်သူလူထု တစ်ဦးမကျန်တန်းတူခေတ်မီဖွံ့ဖြိုးရေး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းညီညွတ်မျှတစွာ ပေါင်းစပ်ထားသော ခေတ်မီဖွံ့ဖြိုးရေး၊ လူနှင့်သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်သော ခေတ်မီဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းစွာ အတူတကွ ခေတ်မီဖွံ့ဖြိုးရေးနှင့်လမ်းစဉ်၏ မူလသဘာဝလိုအပ်ချက်များ၊ ၂၀၂၁ မှ ၂၀၂၄ ခုနှစ်တို့အတွင်း တရုတ်နိုင်ငံ၏ GDP သည် နှစ်စဉ်ပျမ်းမျှ ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာသဖြင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင်မှု အညွှန်းကိန်းသည် နံပါတ် ၁၀ သို့ ရောက်ရှိလာမှု၊ ပြည်သူ့လူမှုရေး လုံခြုံမှု ခိုင်မာစွာအာမခံနိုင်မှုများ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအောင်မြင်မှုများ၊ EV နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တို့ဖြင့် အစိမ်းရောင်စွမ်းအင်သို့ ပြောင်းလဲအသုံးချကာ ဂေဟစနစ် သဘာဝပတ်ဝန်းကျင်အရည်အသွေးတိုးတက်မှု အရှိန်မြှင့်တင်လာမှုများ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ပြည်တွင်းပညာရှင်များဖြင့် ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်မှု အဆင့်အတန်းကြီးမားစွာ မြင့်တက်လာခြင်း၊ ပြည်သူ့လူမှုဘဝအရည်အသွေး စဉ်ဆက်မပြတ် တိုးတက်လာခြင်းတို့ကို ဟောပြောဆွေးနွေးရာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကောလိပ်ရှိစာကြည့်တိုက်သို့ သွားရောက်လေ့လာပြီး “တရုတ်-အာဆီယံ ဉာဏ်ရည်တုနည်းပညာ အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပလက်ဖောင်းကို အခြေခံ၍ ဉာဏ်ရည်တုခေတ်အတွင်း တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေးကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပြည်သူ့အစိုးရ ဒုတိယအထွေထွေ အတွင်း ရေးမှူးနှင့် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်းတည်ဆောက်‌ရေးရုံး ညွှန်ကြားရေးမှူးချုပ် Mr. Zhao Zhigang က တရုတ်နိုင်ငံ၏ AI ဆန်းသစ်တီထွင်မှုများနှင့် လူတိုင်းအကျိုးခံစားရေးအစီအစဉ်၊ ကွမ်ရှီး AI ဖွံ့ဖြိုးမှုနှင့် လက်တွေ့ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဖွံ့ဖြိုးရေး အကြံပြု ချက်များ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အတွက် အမျိုးသားအဆင့် AI မော်ဒယ်တည်ဆောက်ခဲ့မှုများ၊ အလားတူအင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား နိုင်ငံတို့နှင့် တည်ဆောက်နေမှု၊ တရုတ် AI မော်ဒယ် များ၏ အတွေးအခေါ်စနစ်၊ AI ဖွံ့ဖြိုးမှုနှင့် ယဉ်ကျေးမှု ရှင်သန်ရေးပြဿနာ၊ တရုတ်-အာဆီယံဉာဏ်ရည်တု နည်းပညာအသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ထောင်ခြင်း၊ AI ဖွံ့ဖြိုးရေးမဟာဗျူဟာနှင့် စီမံခန့်ခွဲမှု အခြေအနေများ၊ ကွမ်ရှီးဒစ်ဂျစ်တယ် အရင်းအမြစ်စုစည်းမှုနှင့် ဒစ်ဂျစ်တယ်အစိုးရ စီမံခန့်ခွဲမှုစနစ်ဖွဲ့စည်းပုံ၊ မြောက်ပိုင်းပင်လယ်ကွေ့ ဒေတာဈေးကွက်ဗဟိုဌာန၊ ကွမ်ရှီးဒေတာထုတ်ကုန် စာရင်း၊ တရုတ်-အာဆီယံ ဥပဒေဆိုင်ရာမော်ဒယ်၊ ဒစ်ဂျစ်တယ်အစိုးရထူထောင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် ဒေတာစနစ်၏ အခြေခံ အုတ်မြစ်ကို ပူးပေါင်းတည်ဆောက်ခြင်း၊ နယ်စပ်ဖြတ်ကျော်၍ ဒေတာနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဟောပြောဆွေးနွေးရာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရှိ AI အပါအဝင် ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။         

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။