မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေနှင့် မြန်မာနိုင်ငံ၏ ရှေ့နေများက ခြေပလျှောက်လဲ

မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေနှင့် မြန်မာနိုင်ငံ၏ ရှေ့နေများက ခြေပလျှောက်လဲ


Ministry of Information/ Naypyitaw / January 17, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်အကျဉ်းချုပ်၊ တရားစွဲဆိုမှုများ၏ အကန့်အသတ်နယ်ပယ်နှင့် နောက်ခံအချက်အလက်များကို လျှောက်လဲရာတွင် “ရိုဟင်ဂျာ”နှင့်“ကုလား” အသုံးအနှုန်းများ၏ ဇစ်မြစ်များနှင့် သမိုင်းကြောင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission (FFM)) ၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်းကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်းစဉ်းစားသင့်သည့် သက်သေအဆင့်အတန်းမမီပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar(IIMM)) သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအတွက် သက်သေစုဆောင်းမည့်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှုအတွက် သက်သေထွက်ဆိုချက် ၄၂ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကားထားကြောင်း၊ မြန်မာအနေဖြင့် အထက်ပါအဖွဲ့အစည်းနှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော်လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း စသည်ဖြင့် ချေပလျှောက်လဲသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Alina Miron က အသုံးချဥပဒေ (လူမျိုးသုဉ်းစေမှုဆိုင်ရာ သဘောတူစာချုပ်)ပါ ပြဋ္ဌာန်းချက်များအရ လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မြောက်ခြင်း/ မမြောက်ခြင်းနှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် ဂမ်ဘီယာအနေဖြင့် တရားရုံး၏ ယခင်စီရင်ထုံးများ၊ ယခင်ယူဂိုဆလားဗီးယားနိုင်ငံအတွက် ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICTY) စီရင်ထုံးများ၊ ကြားဖြတ်ဝင်ရောက်သည့်နိုင်ငံများကို ကိုးကား၍ လျှောက်လဲထားသော်လည်း အမှန်မှာမူတရားရုံး၏ သုံးသပ်ဆုံးဖြတ်မှုများနှင့် မတူညီဘဲ လိုရာဆွဲထားခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။

ဆက်လက်၍ Talmon & Ms.Chiara ချေပလျှောက်လဲချက်ကို သီးခြားဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ရှေ့နေ Mr.Stefan Cordone of က သက်သေပြရန် တာဝန်ရှိမှု၊ သက်သေပြသည့်နည်းလမ်းများနှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုချေမှုန်းရေး ဆောင်ရွက်ချက်များသည် ဂမ်ဘီယာက စွပ်စွဲလျှောက်လဲထား သကဲ့သို့ လူမျိုးသုဉ်းစေခြင်းမှလွဲ၍ အခြားကောက်ယူရမည့် သုံးသပ်ချက်လုံးဝမရှိသည့်အခြေအနေမဟုတ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် တရားရုံးတော်၏ ကိုယ်ပိုင်စဉ်းစားသုံးသပ်၍ ဆုံးဖြတ်ပေးရမည့်အခန်းကဏ္ဍကို လျစ်လျူရှု၍ FFM ၏ ကောက်ချက်တစ်ခုတည်းအပေါ်သာ အားပြု၍ လူမျိုးသုဉ်းစေမှုမြောက်သည်ဟုတရားရုံးက ဆုံးဖြတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ရှေ့နေ Ms.Leigh Lawrie KC က Arakan ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်မတော် (ARSA) အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်၍ လျှောက်လဲ တင်ပြရာတွင် အာဆာဖြစ်ပေါ်ပြောင်းလဲလာပုံနှင့် စုဖွဲ့လေ့ကျင့်မှု၊ အရပ်သားများကို အင်အားစုဆောင်းမှုများအကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် အာဆာ၏ စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မှု ချေမှုန်းရေး၊ အခြားလုံခြုံရေး အစီအမံများတန်ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အာဆာ၏ ဖြစ်တည်မှုကို ဂမ်ဘီယာက ဖုံးအုပ်လျှော့ချပြီး လျှောက်လဲထားခြင်းမှာ မမှန်ကန်ကြောင်း၊ အာဆာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ကြီးစိုးခြိမ်းခြောက်မှုရှိကြောင်း၊ ခမောင်းဆိပ် ကျေးရွာမှ ဟိန္ဒူများ ရာနှင့်ချီ၍ အစုလိုက်သတ်ဖြတ်ခံရခြင်းတွင် အာဆာက ကျူးလွန်သည့်ပုံစံ၊ သက်သေများကို ခြိမ်းခြောက်ပြီး လိမ်ညာထွက်ဆိုစေသည့်ပုံစံ စသည်တို့သည် ဤအမှုတွင် တရားရုံးက သေချာစွာ ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်များဖြစ်ကြောင်း ချေပလျှောက်လဲခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း