မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
image_latest


နေပြည်တော် မေ ၇

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အဆိုပြုခေါင်းစဉ်သုံးခုကို ရွေးချယ်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် ပညာရေးညီလာခံ (၂၀၂၄) ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အစည်းအဝေးတွင် ညီလာခံဦးတည်ချက် (Main Theme) အတွက် အဆိုပြုခေါင်းစဉ်သုံးခုကိုရွေးချယ်ခဲ့ပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် ဧပြီ ၃၀ ရက်တွင်ကျင်းပသည့် အခြေခံပညာ Grade 12 နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်) သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ၌ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး ခေါင်းစဉ်ကို ရွေးချယ်အတည်ပြုပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ကဏ္ဍခြောက်ရပ်အတွက် စာတမ်းခေါင်းစဉ်နှင့်စာတမ်း အကျဉ်းချုပ်များကိုလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ပေးပို့လာသည့် စာတမ်းခေါင်းစဉ်များအပေါ် ပြင်ဆင်ဖြည့်စွက်ကာ လိုအပ်သည်များကို ဆွေးနွေးပေးကြစေလိုပါကြောင်း၊ တစ်နှစ်တာ ရေတို/ ရေရှည် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ညီလာခံတွင်တင်ပြမည့် Format သတ်မှတ်ရန်နှင့် ပြခန်းများပြသရေး ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုပြီးနောက် ကျင်းပရေးစီမံချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လမ်းညွှန်မှုခံယူတင်ပြသွားမည်ဖြစ်ပါကြောင်း၊ စီမံချက် ခွင့်ပြုချက်ရပြီးသည့်အခါ ဦးစီးကော်မတီအစည်းအဝေးကျင်းပရန်ရှိပါကြောင်း၊ ပညာရေးညီလာခံ (၂၀၂၄) ကို ယခင်နှစ်ကဲ့သို့ သိုက်သိုက်ဝန်းဝန်းဖြင့် ပြီးမြောက်အောင်မြင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

အသေးစိတ်ဆွေးနွေးဆုံးဖြတ်ရန်

ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ညီလာခံရည်ရွယ်ချက်၊ ပြခန်းအရွယ်အစားအရေအတွက်နှင့် စာတမ်းခေါင်းစဉ် ၃၆ ခုနှင့် ၂၀၂၃ ခုနှစ် ညီလာခံရှေ့လုပ်ငန်းအစီအမံများ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေတင်ပြရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ပေးနိုင်ရန် တင်ပြသည်။

ဝိုင်းဝန်းဆွေးနွေးအကြံပြု

ထို့နောက် တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ကျန်းမာ ရေးဝန်ကြီးဌာနစသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံဦးတည်ချက်နှင့် ဆွေးနွေးသင့်သည့်ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးကြကာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,