မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း


Office of the Auditor General of the Union/ NPT / December 08, 2025


မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ပဉ္စမအကြိမ်နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၌ Video Conference စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်‌ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူမွဲခံယူ ခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်းသည် စတင်တည်ထောင်သည့် ၂၀၂၀ ပြည့်နှစ် ၊ ဇွန်လ (၁)ရက်နေ့မှ ယနေ့ထိ သက်တမ်းတစ်လျှောက်တွင် ရေရှည်အသိအမှတ်ပြုခံရမှုနှင့် အသက် မွေးဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်လာခဲ့ သည်မှာ သက်တမ်း(၅)နှစ် ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် ယခုနှစ်အတွင်း လူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပ‌ဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်း၊ ဟောပြောပို့ချခြင်း၊ အမေးအဖြေ များပြုလုပ်ခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အပတ်စဉ် Online ဆွေးနွေး ပွဲများ၊ ဟောပြောပွဲများကျင်းပခြင်းနှင့် MICPA ၊ CPA အစီအစဉ်များတွင် ပူးပေါင်းအစီအစဉ် များချိတ်ဆက်ကျင်းပခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင် သူများကြီးကြပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ကျင့်ဝတ်ဆိုင်ရာလိုက်နာဆောင်ရွက် ရမည့် Code of Conduct ကို ထုတ်ပြန်နိုင်ခဲ့သည့်အတွက် များစွာကျေနပ်မိပါကြောင်း၊ အသင်းဝင် များအနေဖြင့် အသင်းမှဆောင်ရွက်ပေးလျက်ရှိသည့် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အစီ အစဉ်များတွင် တက်ကြွစွာပါဝင်ခြင်းဖြင့် ကိုယ်ပိုင်အရည်အချင်းများ တိုးတက်စေရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အသင်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကျွမ်းကျင်မှု၊ ဓမ္မဓိဌာန်ကျမှု၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှု၊ အချိန်နှင့်တစ်ပြေးညီဖြစ်မှု စသည့်သတ်မှတ်ထားသော ကျင့်ဝတ်များနှင့်အညီဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ကောင်စီသို့ တင်ပြ ဆောင်ရွက်ကြရန်၊ အသင်းမှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၇)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အသင်း၏အကျိုးကို အလေးထားကြိုးပမ်း ဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသဘာပတိဖြစ်သူ အသင်း၏ ဥက္ကဋ္ဌ ဦးစိုးသိန်းက နှုတ်ခွန်း ဆက်အမှာစကားပြောကြားပြီးနောက် အသင်းတာဝန်ရှိသူအသီးသီးက ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ပြင်ပစာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြ အတည်ပြုခြင်း၊ အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်များ နုတ်ထွက်ခြင်း/အသစ်ခန့်အပ်ခြင်း ၊ အမည် စာရင်းကြေညာခြင်း၊ ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းနှင့် အခကြေးငွေသတ်မှတ်ခြင်းတို့ကို အစီ အစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကားပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းဝင်များ စုစုပေါင်း (၆၁) ဦး တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။