မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အင်တိုက်အားတိုက် တိုက်ဖျက်လျက်ရှိ၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်မှုရှိ/ မရှိအား အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ရှင်းလင်းဆောင်ရွက်နေ

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အင်တိုက်အားတိုက် တိုက်ဖျက်လျက်ရှိ၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်မှုရှိ/ မရှိအား အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ရှင်းလင်းဆောင်ရွက်နေ


Ministry of Information/ Naypyitaw / November 18, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတို က်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အသက်၊ သွေး၊ ချွေးများ၊ ယာဉ်ယန္တရားများ၊ ငွေကြေးများစွာ ကုန်ကျခံရင်းနှီးပေးဆပ်၍ ပူးပေါင်းပါဝင်တိုက်ဖျက်လျက်ရှိသည်။

ထိုသို့ Online လိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်မှုမရှိစေရေး နိုင်ငံတော်အစိုးရအနေဖြင့် ညွှန်ကြားထားရှိပြီး မြေပြင်တွင်လိုက်နာလုပ်ကိုင်ဆောင်ရွက်နေမှု ရှိ/ မရှိနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်နေခြင်းရှိ/မရှိတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ယနေ့နံနက်ပိုင်းမှစ၍ စတင်ရှင်းလင်းဆောင်ရွက်နေပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိမှုများအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

Online လိမ်လည်လောင်းကစားမှုများကို ကျူးလွန်ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ Online လိမ်လည်လောင်းကစားမှုများကို အဓိကဦးဆောင်ကျူးလွန်ခဲ့ကြသူများသည်  တရုတ်နိုင်ငံသားများအပါအဝင် Social Media မှတဆင့် နည်းမျိုးစုံဖြင့် မက်လုံးပေးစည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများ ကျူးလွန်ထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်မှစ၍ အရှေ့တောင်အာရှနိုင်ငံအချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအချို့ ပဋိပက္ခဖြစ်မှုနောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ဒေသ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ခေတ္တစိုးမိုးထားသည့် မြဝတီဒေသသို့ တစ်ဖက်နိုင်ငံမှတဆင့် နည်းမျိုးစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ အခြေခံအဆောက်အအုံများ တည်ဆောက်ကာ Online လိမ်လည်လောင်းကစားမှုများအပါအဝင် အခြားသော တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြရာမှ မြန်မာနိုင်ငံအစိုးရအနေဖြင့် လောက်ကိုင်ဒေသရှိ Online လိမ်လည်လောင်းကစားမှု ကျူးလွန်နေမှုများအား တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်းကာ ပူးပေါင်းနှိမ်နင်းမှုများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ ပါဝင်ပတ်သက်သူ ၅၃၃၈၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Online လိမ်လည်လောင်းကစားမှုများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီဒေသသို့ ရောက်ရှိလာခဲ့ပြီး မုလအိအလင်းကုမ္ပဏီနှင့် Tran-Asia International Holding Group (Thailand) ကုမ္ပဏီတို့ လုပ်ငန်းစတင်ခဲ့သည့် KK Park နယ်မြေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ထားသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် ၎င်းနယ်မြေရှိ Myanmar Yatai International Holding Group ကုမ္ပဏီနေရာ၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာ (Chongkhaed Garden Resort) ရှိ လောင်းကစားရုံများ စသည့်နယ်မြေများအတွင်း၌ အခြေခံအဆောက်အဦများ ဆောက်လုပ်ကာ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ-ထိုင်း-တရုတ် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် ပူးပေါင်းနှိမ်နင်းလျက်ရှိပြီး KNLA ၊ KNU လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့ဝင်များ ခေတ္တစိုးမိုးထိန်းချုပ်ထားသည့် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းသို့ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းမှုစစ်ဆင်ရေးဖြင့် ဝင်ရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Online လိမ်လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည်အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဇုန်အလိုက် အပြီးတိုင်ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ဇုန် ၃ ခုတွင် စုစုပေါင်းအဆောက်အုံ ၆၃၅ လုံးရှိပြီး နိုဝင်ဘာလ ၁၇ ရက်နေ့အထိ အဆောက်အအုံ ၁၄၈ လုံးကို ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၈၇ လုံးကိုလည်း ဆက်လက်ဖြိုချရှင်းလင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံး မိုင်းဖောက်ခွဲဖျက်ဆီးခြင်းနည်းပညာ အသုံးပြု၍ စနစ်တကျဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တစ်ဖက်နိုင်ငံနှင့် နီးကပ်နေသည့်နေရာဖြစ်သဖြင့် အဆောက်အဦအပျက်အစီးအပိုင်းအစများ တစ်ဖက်နိုင်ငံအတွင်းသို့ ကျရောက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ခဲ့ကြောင်း Video မှတ်တမ်းများအရ တွေ့ရှိနိုင်သည်။ တစ်ဖက်နိုင်ငံက ကန့်ကွက်ခဲ့သည့်အတွက်လည်း ဖောက်ခွဲဖျက်ဆီးမှု Video မှတ်တမ်းဖိုင်များကို ၎င်းနိုင်ငံသို့ တရားဝင်မှတ်တမ်းပေးပို့ခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှတဆင့် တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၆၈၀၀၉ ဦးကို သက်ဆိုင်ရာနိုင်ငံများအလိုက် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဝင်ရောက်စစ်ဆေးစဉ်တွင်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ယနေ့ ရွှေကုက္ကိုလ်နယ်မြေအတွင်း ရှင်းလင်းဖော်ထုတ်မှုများ ဆောင်ရွက်စဉ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ၃ ခုအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် စိစစ်ဆဲ နိုင်ငံခြားသား ၃၄၆ ဦးနှင့် Online လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းအများ အပြားကိုလည်း စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း နယ်မြေဒေသမတည်ငြိမ်မှုကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များစွာ ရှိသည့်ဒေသများ၌ အခွင့်ကောင်းရယူ၍ ဒုစရိုက်လုပ်ငန်းများကျူးလွန်ပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ပစ်မှတ်ထားဆောင်ရွက်ခဲ့ကြသည့် မြဝတီ-မယ်ထော်သလေး KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနှင့် ကျောက်ခက်နယ်မြေတို့သည် KNLA ၊ KNU ကရင်လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်များ လှုပ်ရှားရာနယ်မြေဒေသဖြစ်ပြီး အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ကိုယ်ကျိုးစီးပွားရှာသူများမှ နည်းမျိုးစုံသုံးချဉ်းကပ်လျက် အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းများဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် ၎င်းနေရာများ၌ လူနေထိုင်နိုင်ရန်လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အခြားအခြေခံအချက်အလက်များကိုလည်း တစ်ဖက်နိုင်ငံမှ ရယူခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိအခြေအနေတွင် KK Park နယ်မြေအား ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အပြည့်အဝလုံခြုံရေးရယူပြီး ဆက်လက်ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများကို ဖော်ထုတ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူအမြစ်ပြတ်နှိမ်နင်းချေမှုန်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖော် ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ပိုင်နက်နယ်မြေကို အသုံးချ၍ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအပေါ် ရာဇဝတ်မှုများကျူးလွန်နေမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားရှိပြီးဖြစ်သည်။ မကြာမီရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ခရီးစဉ်များတွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံစဉ် Online လိမ်လည်လောင်းကစားမှုများကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း ပြတ်သားစွာချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသည့် တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် Online လိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးအစည်းအဝေးတွင် ပါဝင်သည့်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိပါက သက်ဆိုင်ရာသို့ပေးပို့ခြင်းဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026
AnnouncementsExplore more >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Mar 3, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

Posted on Mar 2, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

HOT NEWS
January 4,