မြန်မာနိုင်ငံအတွက် တတိယမြောက်ရွှေတံဆိပ်ဆုကို ဘိလိယက်နှင့် စနူကာအားကစားနည်းမှ ထပ်မံဆွတ်ခူး၊ ပိုက်ကျော်ခြင်း၊ ဂျူဒိုနှင့် မြင်းစီးအားကစားနည်းများမှ ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိ

မြန်မာနိုင်ငံအတွက် တတိယမြောက်ရွှေတံဆိပ်ဆုကို ဘိလိယက်နှင့် စနူကာအားကစားနည်းမှ ထပ်မံဆွတ်ခူး၊ ပိုက်ကျော်ခြင်း၊ ဂျူဒိုနှင့် မြင်းစီးအားကစားနည်းများမှ ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိ


Ministry of Information/ Naypyitaw / December 15, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပလျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ စကွက်ရှ်၊ ဝူရှူး၊ ကဘာဒီ၊ ကရာတေး၊ သေနတ်ပစ်၊ ပန်ကြပ်ဆီလပ်၊ ဘိလိယက်နှင့်စနူကာ၊ ဘိုးလင်း၊ ဂျူဒို၊ ဖူဆယ်၊ မွေ၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ စက်ဘီး၊ ပြေးခုန်ပစ်၊ စကိတ်၊ E-sports၊ ကစ်ဘောင်ဆင်၊ အပြည်ပြည်ဆိုင်ရာ လှေ၊ ရွက်လှေ၊ ဟော်ကီ၊ အလေးမပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဘန်ကောက်မြို့ရှိ Grand Four Wings Hotel ၌ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ H.E.Ms. Hannah Yeoh (Youth and Sports Minister Of Malaysia)နှင့် မြန်မာ့အားကစားအောင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသား/အမျိုးသမီး ၁၀ မီတာ (Air Pistol) လေပစ္စတို တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ခိုင်ခိုင်ဝေ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။ အဆိုပါဗိုလ်လုပွဲပွဲစဉ်တွင် မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းအသင်းများမှ စုစုပေါင်းရှစ်ဦးယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခိုင်ခိုင်ဝေက အဆင့်(၄) ရရှိခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

မြန်မာအသင်းအနေဖြင့် ရေကူးအားကစားနည်း အမျိုးသား/ အမျိုးသမီး မီတာ ၅၀ အလွတ်ကူးနှင့် လိပ်ပြာကူးပြိုင်ပွဲများ၊ မြှားပစ်အားကစားနည်း အမျိုးသား/အမျိုးသမီးတစ်ဦးချင်း Recurve နှင့် Compound လက်ရည်စစ် (Ranking Round) ပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား+ အမျိုးသမီးလေး ယောက်တွဲပြိုင်ပွဲများ၊ စကွက်ရှ်အားကစားနည်း အမျိုးသား+ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ၊ ဝူရှူးအားကစားနည်းကွန့်စု၊ နန်းသောင်း၊ ထိုက်ချိကျန့်၊ ဆန်းဆို၊ အမျိုးသမီး ၅၆၊ ၆၀၊ ၇၀ ကီလို တန်းပြိုင်ပွဲများ၊ ကဘာဒီအားကစားနည်း Standard Style Kabaddi ပြိုင်ပွဲ၊ ကရာတေး အားကစားနည်း အမျိုးသမီး ကုမိ တဲ့ အသင်းလိုက်ပြိုင်ပွဲ၊ သေနတ်ပစ် အားကစားနည်း အမျိုးသား/ အမျိုးသမီး ၁၀ မီတာ ပစ္စတို တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား ၅၅-၆၀ နှင့် ၆၀-၆၅ ကီလိုတန်းအတိုက်ပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာအား ကစားနည်းအမျိုးသား Snooker 6 Red Team နှင့် ဘိလိယက်အသင်းလိုက်ပြိုင်ပွဲများ၊ ဘိုးလင်းအားကစားနည်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများ၊ ဂျူဒိုအားကစားနည်း အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၊ ဖူဆယ်အမျိုးသမီးပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား/အမျိုးသမီး -၅၁၊ -၅၇၊ -၆၃ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုး သမီး ၅၄၊ ၆၀ ကီလိုတန်းပြိုင်ပွဲများ၊ ဘတ်စကက်ဘော အားကစားနည်း အမျိုးသားငါးယောက်တွဲ ပြိုင်ပွဲ၊ စက်ဘီးအားကစားနည်း Women’s Criterium ပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသား/ အမျိုးသမီး ၂၀ ကီလိုမီတာလမ်းလျှောက်နှင့် မာရသွန်ပြိုင်ပွဲများ၊ စကိတ်အားကစားနည်း Street ပြိုင်ပွဲ၊ E-sports အမျိုးသား/အမျိုးသမီး (MLBB)နှင့် FC Online Team ပြိုင်ပွဲများ၊ ကစ်ဘောင်ဆင်အားကစားနည်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာလှေ Men’s Single Sculls နှင့် Women’s Four(W4) လက်ရည်စစ်ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း Girl’s Optimist၊ Men’s ILCA7၊ Boy’s ILCA4၊ Boy’s Optimist ပြိုင်ပွဲများ၊ ဟော်ကီအားကစားနည်း အမျိုးသားကွင်းပြင်ဟော်ကီပြိုင်ပွဲ၊ အလေးမအားကစားနည်း အမျိုးသမီး ၅၈ ကီလိုတန်းပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့် စနူကာအားကစားနည်း အမျိုးသားဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် ဘိလိယက်နှင့် စနူကာအားကစားနည်း အမျိုးသားဘိလိယက် အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဦးပေါက်စ၊ ဦးအောင်ဌေးနှင့် ဦးနေသွေးဦးတို့ အတွဲက စင်ကာပူအသင်းကို သုံးပွဲ၊ တစ်ပွဲဖြင့် အနိုင်ရရှိပြီး မြန်မာနိုင်ငံအတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က USD $ 300 ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ထိုင်းဘတ်ငွေ တစ်သောင်းကိုလည်းကောင်း၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းက ထိုင်းဘတ်ငွေသုံးသိန်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးစိုင်းရွက်ခေးက USD $ 300 ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။

ဂျူဒိုအားကစားနည်း အမျိုးသား/ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုက်ထိုက်ကျော်၊ ကျော်ခန့်စိုး၊ စထက်ဝေဖြိုး၊ အေးအေးအောင်၊ ဖြိုးဆွေဇင်ကျော်နှင့် ပြည့်စုံအောင်တို့အတွဲက ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် မြင်းစီးအားကစားနည်း Eventing Dreassage, Show Jumping & Cross Country အားကစားနည်းသုံးမျိုးပါသည့် ပြိုင်ပွဲတွင် မြန်မာအသင်းမှ သန်းနိုင်အောင်၊ စောမောင်နှင့် နန်းကိုဝင်းတို့အတွဲက ကြေးတံဆိပ်ဆုနှင့် ပိုက်ကျော်ခြင်းအားကစားနည်း သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းနှင့် မြန်မာအမျိုးသမီးအသင်းတို့က ကြေးတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရရှိခဲ့သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၄ ရက်၏ ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၂၀ စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။