မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ

မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / February 26, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်၌ နယ်မြေလုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ယာဉ်မောင်း ဦးနိုင်လင်းထွန်းမောင်းနှင်ပြီး တရုတ်နိုင်ငံသားတစ်ဦး လိုက်ပါလာသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာရှိ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ ကုမ္ပဏီပိုင် Land Cruiser အမျိုးအစား မော်တော်ယာဉ်အမှတ် 5C/----- အား စစ်ဆေးရာ အဆိုပါတရုတ်နိုင်ငံသားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ တရုတ်နိုင်ငံသား Jiang Dawen (ဘ) Jiang Chenggui ၊ ၄၉ နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါဖမ်းဆီးရမိ တရုတ်နိုင်ငံသား၏ ပြောကြားချက်အရ ၎င်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နေ မာတီဆိုသူနှင့် သားရေလုပ်ငန်း အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ မိသားစုနှင့်အတူ ပြန်လည်နေထိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်စဉ် ဒါကာလေဆိပ်သို့အရောက်တွင် ဒါကာမြို့၌ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သူအား ဒေါ်လာ ၆၆၀၀၀၀ ပေးရန်ကျန်သည့်အမှုဖြင့် တရားစွဲဆိုထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမှုရင်ဆိုင်စဉ် တရုတ်နိုင်ငံမှ ဇနီးဖြစ်သူနှင့် ညီဖြစ်သူတို့က အာမခံဖြင့် အချုပ်မှ ထုတ်ပေးခဲ့ကြောင်း၊ အမှုရင်ဆိုင် နေစဉ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံရေးမတည်မငြိမ်မှု ဖြစ်ပွားသဖြင့် ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf မြို့ရှိ လှေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်စဉ် AA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီး ထိုမှတစ်ဆင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် AA အကြမ်းဖက် အဖွဲ့က အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာရှိ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသို့ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီမှ မော်တော်ယာဉ်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန္တလေးမြို့သို့ ထွက်လာစဉ် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား ငဖဲမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (၁) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း