မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လုပ်ငန်းခွင်ဝင်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လုပ်ငန်းခွင်ဝင်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ခြင်း
Myanmar National Human Rights Commission/ Yangon / July 14, 2025
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ခန့်အပ်ပြီးဖြစ်သည့် ဦးစီးအရာရှိ၊ ဒုတိယလူ့အခွင့်အရေးဦးစီးမှူးနှင့် အငယ်တန်းစာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်ဝင်သင်တန်း၊ (၂/၂၀၂၅) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၁၄-၇-၂၀၂၅ ရက်နေ့၊ ၁၀ နာရီအချိန် ကော်မရှင်ရုံး Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကော်မရှင်ရုံး အရာထမ်းများနှင့် အရာထမ်း/ အမှုထမ်း သင်တန်းသားများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်ရုံးတွင် လစ်လပ်သော အရာထမ်း၊ အမှုထမ်းရာထူးများတွင် ဖြည့်စွက်ခန့်ထားသည့် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး ချောမွေ့အောင်မြင်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက် ဤလုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဌာနအဖွဲ့အစည်းများတွင် ရုံးလုပ်ငန်းသည် အဓိကအသက်သွေးကြောဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများကို သိရှိနားလည်ပြီး စနစ်တကျဖြင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အရေးကြီးပါကြောင်း၊ ကော်မရှင်၏ ဝန်ထမ်းများသည် အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများဖြစ်စေရေး ဆိုသည့် လုပ်ငန်းစဉ်မူဘောင် ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေဖို့ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားပါသည်။
လုပ်ငန်းခွင်ဝင်သင်တန်းကို ၁၄-၇-၂၀၂၅ ရက်နေ့မှ ၁၈-၇-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Posted on Jul 13, 2025နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -