မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / August 05, 2025
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမ၌ ၄-၈-၂၀၂၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီအချိန်တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆဋ္ဌမအကြိမ် One Map Myanmar ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များ၊ သတ္တမ အကြိမ် အမျိုးသားမြေအသုံးချမှုကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် နဝမအကြိမ် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြေငလျင် လှုတ်ခတ်ခဲ့ပြီး Power Breakdown ဖြစ်ပေါ်ခဲ့မှုကြောင့် One Map Myanmar System တွင် တွေ့ကြုံခဲ့သည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတက်ပြချက်များအပေါ် တက်ရောက်လာသော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ ဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ကြပြီး ညနေ ၄:၀၀ နာရီအချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစီးဌာနအသီးသီးနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားသည့် One Map Myanmar Technical Team မှ အဖွဲ့ခေါင်းဆောင်များ၊ နည်းပညာရှင်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ကြေညာခြင်း
Posted on Aug 7, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပြီး ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်
Posted on Aug 7, 2025ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Aug 6, 2025