မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးစင်တာအား ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးစင်တာအား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / October 22, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၁

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးသန်းဝင်းတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု၊ ကျွေးမွေးမှု၊ အိပ်ဆောင်များတွင် သင်တန်းသူများထားရှိမှု၊ ကျောင်းပြင်ပပညာသင်ကြားပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိမှု၊ အားကစားလှုပ်ရှားဆောင်ရွက်နိုင်မှု၊ သန့်ရှင်းသောသောက်သုံးရေ ရရှိအောင်ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးမှုနှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိ အောင်ဆောင်ရွက်ပေးနေမှုအခြေအနေများကို   ကြည့်ရှုစစ်ဆေးသည်။

ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်းစစ်ဆေးတွေ့ရှိချက်နှင့်အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သတင်းရရှိသည်။                

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 21, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Posted on Oct 18, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Posted on Oct 17, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း

Posted on Oct 21, 2025

တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

Posted on Oct 21, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,