မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)


Ministry of Information/ Naypyitaw / December 03, 2025
image_latest


၁။      ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ မသန်စွမ်းသူများသည် အမြင်အာရုံ၊ အကြားအာရုံ၊ ကိုယ်အင်္ဂါ၊ စိတ်ပိုင်းနှင့် ဉာဏ်ရည်ဆိုင်ရာ စသည့်ချို့ယွင်းအားနည်းမှုတစ်ခုခုနှင့် မသန်စွမ်းမှုတစ်မျိုးမျိုးကို ကြုံတွေ့ခံစားနေရသူများဖြစ်သော်လည်း အချို့ကဏ္ဍများ၌ သာမန်ထက်ပင် စွမ်းဆောင်နိုင်ကြကြောင်း တွေ့ရှိရပါသည်။ မသန်စွမ်းသူများကို ကာကွယ်ပေးရန်၊ ကူညီပေးရန်နှင့် မြှင့်တင်ပေးရန်အလို့ငှာ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်အမှတ် (၄၇/ ၃) ဖြင့် နှစ်စဉ်ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။       မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်များအားလုံးကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏မွေးရာပါ လူသားဂုဏ်သိက္ခာအား လေးစားရန်တို့ကိုရည်ရွယ်၍ ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of Persons with Disabilities-CRPD)ကို အတည်ပြုခဲ့ရာ မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပါသည်။

၃။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံတော်က မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီမသန်စွမ်းသူများကို ပိုမိုကြည့်ရှုစောင့်ရှောက်နိုင်ရန်နှင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅ ခုနှစ်)ကိုလည်း ပြဋ္ဌာန်းထားပါသည်။

၄။      မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ တန်းတူညီမျှမှုရှိရေးနှင့်စပ်လျဉ်း၍ မသန်စွမ်းသူများသည် မွေးရာပါအခွင့်အရေးများ၊ အသက်ရှင်သန်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာလေးစားမှုတို့ကို ခံစားခွင့်ရှိစေရမည့်အပြင် လူမှုအသိုက်အဝန်းတွင် မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုမရှိစေရေးတို့ကို ဂရုပြု လိုက်နာဆောင်ရွက်ကြရပါမည်။ နိုင်ငံတော်ကလည်း မသန်စွမ်းသူများ၏ အခွင့်အရေးများအား ကဏ္ဍစုံတွင် လက်လှမ်းမီရရှိနိုင်စေရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၅။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ သင်ခန်းစာပို့ချမှုများတွင် ထည့်သွင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအား မျက်မမြင်လက်စမ်းဘာသာ စာအုပ်ပြုစုထုတ်ဝေခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(CRPD)အား ဘာသာပြန်ဆို၍ ထုတ်ဝေခြင်းအပါအဝင် စာအုပ်စာတမ်းများ ပုံနှိပ်ဖြန့်ချိလျက်ရှိပါသည်။ ထို့ပြင် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် မသန်စွမ်းသင်တန်းကျောင်းများသို့သွားရောက်၍ မသန်စွမ်းသူများ၏ အခြေခံ လူ့အခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်တို့နှင့်လည်း ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိပါသည်။

၆။      ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂက ချမှတ်ထားသောဆောင်ပုဒ်ဖြစ်သည့် “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး- Fostering disability inclusive societies for advancing social progress” နှင့်အညီ ကဏ္ဍအသီးသီးတွင် မသန်စွမ်းသူများ လက်လှမ်းမီပါဝင်နိုင်ရေး သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြပါရန် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့တွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။