မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များ လိုက်လံကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များ လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 08, 2025
image_latest


ရန်ကုန် ဇွန် ၇

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်းအမှတ်(၁)၌ Myanmar National League 2025-2026 I.S.P.E FC အမျိုးသားဘောလုံးအသင်းနှင့် Myanmar Women League 2025-2026 I.S.P.E FC အမျိုးသမီးဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစား ရုံသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အောင်မြင်မှုဆုတံဆိပ်များရရှိရန် စခန်းသွင်းလေ့ကျင့်နေသည့် ပဏာမလက်ရွေးစင် ဘော်လီဘောအားကစားသမားများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ပဏာမလက်ရွေးစင် ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ကမာရွတ်မြို့နယ်ရှိ ပန်းဝါဧည့်ရိပ်သာ၌ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်နှင့် တွေ့ဆုံရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ နိုင်ငံခြားနည်းပြ ငှားရမ်းလေ့ကျင့်ပေးမည့် အစီအစဉ်များ၊ ဖိတ်ခေါ် ပြိုင်ပွဲများနှင့် Joint Training သွားရောက်လေ့ကျင့်မည့် ကိစ္စရပ်များ၊ အားကစားကွင်း၊ ခန်းမနှင့် ရုံးခန်းရရှိရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိစေရေး ကြိုးစားလေ့ကျင့်ရန် မှာကြားသည်။

ဆက်လက်၍ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ၍ ပဏာမလက်ရွေးစင် စားပွဲတင်တင်းနစ် အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှု အားပေးပြီး အိပ်ဆောင်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

HOT NEWS
January 4,