မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲ ကျင်းပ
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲ ကျင်းပ
Ministry of Information/ Naypyitaw / December 22, 2025
ရန်ကုန် ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃ဝ)ပြည့် ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အဆိုပါအသင်းချုပ် Function Hall ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့က Video Message ပေးပို့၍ ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက ဦးဟန်ဇော်က ဂုဏ်ပြုစကားပြောကြားပြီး အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ နှစ်(၃၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နှစ်(၃၀)ပြည့် အခမ်းအနားကျင်းပရေးအတွက် မတည်အလှူရှင်များ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အလှူရှင်များ၊ စာမူရှင်များနှင့် ပါဝင်ကူညီခဲ့သူများနှင့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စစ်ဆေးတိုင်းတာမှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်သည်။
ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် စတင်ဖွဲ့စည်းစဉ်နှင့် အသင်းသက်တမ်းတစ်လျှာက် အတွေ့အကြုံများနှင့် မျက်မှောက်ကာလ အတွေ့အကြုံများကို မျှဝေဆွေးနွေးဟောပြောကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာလောကသားများအတွက် ၁၉၉၅ ခုနှစ်မှစတင်ခဲ့သော မြန်မာနိုင်ငံကိုယ်စားပြုအသင်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်(၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ “အင်ဂျင်နီယာစွမ်းအား ပြည်ထွန်းကား” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍများ၊ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Knowledge Sharing Program လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစဉ်ူအမြဲ ဝိုင်းဝန်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
