မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံ
Myanmar National Human Rights Commission/ Yangon / June 11, 2025
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ၁၁-၆-၂၀၂၅ ရက်နေ့၊ (၁၃း၀၀)နာရီအချိန် ကော်မရှင်ရုံး Conference Room သို့ လာရောက်တွေ့ဆုံ၍ နိုင်ငံတော် အကျိုးပြုလုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
၂။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
၃။ ထိုသို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက လူ့အခွင့်အရေးကော်မရှင် သမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက ကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မရှင် အဖွဲ့ဝင်များနှင့် ကောင်စီအလုပ်အမှုဆောင် အဖွဲ့ဝင်များက တာဝန်ယူကြသည့် ဘာသာရပ်နှင့် ကဏ္ဍများအလိုက် ဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အား ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို (၁၅း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ -၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -