မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံခြားသားအပါအဝင် အကျဉ်းသား အကျဉ်းသူ ၇၉၄ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု
မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံခြားသားအပါအဝင် အကျဉ်းသား အကျဉ်းသူ ၇၉၄ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု
Ministry of Information/ Naypyitaw / April 18, 2026
ရန်ကုန် ဧပြီ ၁၇
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့တွင် နိုင်ငံခြားသားအပါအဝင် အကျဉ်းသား အကျဉ်းသူ ၇၉၄ ဦးတို့အား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ဦးစွာ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရရှိကြသည့် အကျဉ်းသား အကျဉ်းသူများကို မိုးလုံလေလုံအားကစားရုံခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်တို့က ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။
ထို့နောက် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရရှိသည့် နိုင်ငံခြားသားအကျဉ်းသား ကိုးဦး၊ နိုင်ငံသားအကျဉ်းသား ၅၂၂ ဦးနှင့် အကျဉ်းသူ ၂၆၃ ဦး စုစုပေါင်း ၇၉၄ ဦးတို့ကို သက်ဆိုင်ရာမြို့နယ်အလိုက် YBS ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့တွင် လာရောက်ကြိုဆိုကြသူများက ယခုလို လွတ်ငြိမ်းခွင့်ရရှိမှုအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး လွတ်ငြိမ်းခွင့်ရရှိသူများအား သက်ဆိုင်ရာ မိဘဆွေမျိုးများက ဝမ်းမြောက်ဝမ်းသာကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
