မြန်မာအမျိုးသားလေကြောင်း မြိတ်-ထားဝယ်-မြိတ် ခရီးစဉ် ပျံသန်းပြေးဆွဲ
မြန်မာအမျိုးသားလေကြောင်း မြိတ်-ထားဝယ်-မြိတ် ခရီးစဉ် ပျံသန်းပြေးဆွဲ
Ministry of Information/ Naypyitaw / April 27, 2026
နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကိုအခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်းကောင်း ဧပြီ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ပျံသန်းပြေးဆွဲလျက်ရှိသည်။
မြန်မာအမျိုးသားလေကြောင်းသည် အဆိုပါ L - 410 လေယာဉ်ဖြင့် ယနေ့နံနက် ၈ နာရီတွင် မြိတ်မြို့မှ ခရီးသည် ၁၄ ဦး တင်ဆောင်၍ ထားဝယ်သို့ ပျံသန်းထွက်ခွာခဲ့ရာ ၈ နာရီ ၄၅ မိနစ်တွင် ထားဝယ်သို့ရောက်ရှိပြီး ထားဝယ်လေဆိပ်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရီးစဉ်သစ်ပျံသန်းပြေးဆွဲမှုကို အခမ်းအနားဖြင့် ကြိုဆိုကြကာ အဆိုပါလေယာဉ်သည် နံနက် ၁၀ နာရီတွင် ထားဝယ်မှ ခရီးသည် ၁၆ ဦးတင်ဆောင်၍ မြိတ်မြို့သို့ ပျံသန်းထွက်ခွာခဲ့ရာ နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် ပြန်လည်ရောက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။