မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင်ကရင်ပြည်နယ်အတွင်းရှိအကျဉ်းသား၊အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင်ကရင်ပြည်နယ်အတွင်းရှိအကျဉ်းသား၊အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 17, 2024
ဘားအံ - ဧပြီ (၁၇)
မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကိုအလေးထားသောအားဖြင့် ထိုက်သင့်သောပြစ်ဒဏ်များကိုကျခံပြီးသည့်အပြင် စည်းကမ်းကောင်း မွန်စွာနေထိုင်ကြသော အကျဉ်းသား၊အကျဉ်းသူများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊အကျဉ်းသူ ၄၀ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် လွတ်ငြိမ်း ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား (၃၆)ဦး၊ အကျဉ်းသူ(၄)ဦး စုစုပေါင်း ၄၀ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လွတ်မြောက်အကျဉ်းသား၊အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးချစ်လွင်၊ ဘားအံအကျဉ်းထောင်တာဝန်ခံအရာရှိ နှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး လွတ်လက်မှတ်နှင့် ခရီးစရိတ်၊ လုပ်အားရှင်ခံစားခွင့်စရိတ်များ ပေးအပ်၍ ကတိခံဝန်ချက်လက်မှတ် ရေးထိုးစေကာ ယနေ့တွင်လွတ်ပေးခဲ့ရာ ၎င်းတို့၏ ဆွေမျိုး၊ မိဘ၊ ညီအစ်ကိုမောင်နှမများက ဝမ်းမြောက်ဝမ်းသာ လာရောက်ကြိုဆိုခဲ့ကြပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 26, 2024တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အလယ်တောရစံပြစာသင်တိုက်အတွင်းရှိ မြေကွက်နှင့် မြေကွက်ပေါ်ရှိ အဆောက်အအုံ...
Posted on Apr 29, 2024
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Posted on Apr 27, 2024ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်