မြန်မာ့မျိုးရင်းရေချိုပုစွန်တုပ်ကြီးကို အောင်မြင်စွာသားဖောက်မွေးမြူ ထုတ်လုပ်
မြန်မာ့မျိုးရင်းရေချိုပုစွန်တုပ်ကြီးကို အောင်မြင်စွာသားဖောက်မွေးမြူ ထုတ်လုပ်
Ministry of Information/ Naypyitaw / May 03, 2026
ရန်ကုန် မေ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းက သန်လျင်မြို့နယ် ကျောက်တန်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာန ရေချိုပုစွန်သားဖောက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
ဦးစွာ ကျောက်တန်းရေချိုပုစွန်စခန်းသို့ရောက်ရှိရာ ပုစွန်သားဖောက်လုပ်ငန်းများ ကြီးကြပ်စီမံသူ ဒုတိယညွှန်ကြားရေးမှူးက ရေချိုပုစွန်သားဖောက်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရေချိုပုစွန်သားဖောက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုကို လက်တွေ့ကွင်းဆင်းပြသသည်။
လုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ၁၉၉၆ ခုနှစ်ကစတင်ကာ ရေချိုပုစွန်သားဖောက်လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနမှ ပညာရှင်များက နည်းပညာဖြန့်ဖြူးပေးခဲ့မှုအရ ပုဂ္ဂလိကလုပ်ငန်းရှင်များက သားဖောက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်တွင် ရောဂါကျရောက်မှုကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ထိုင်းနိုင်ငံမျိုးများတင်သွင်းပြီး သားဖောက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင် မိမိတို့မြန်မာနိုင်ငံမျိုးရင်း ရေချိုပုစွန်ကို သားဖောက်ထုတ်လုပ်ပြီး ၂၀၂၆-၂၀၂၇ခုနှစ်မှစတင်၍ လုပ်ငန်းရှင်များကို ပုစွန်သားပေါက်များ ဖြန့်ဖြူးစေမည်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်မှစ၍ လုပ်ငန်းရှင်များ ကိုယ်တိုင်သားဖောက်ထုတ်လုပ်ပြီး မြန်မာ့မျိုးရင်း ပုစွန်များ ပြည်တွင်းဖူလုံစွာထုတ်လုပ်နိုင်ရေး၊ ပိုလျှံပါက ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ညွှန်ကြားထားသည့်အတိုင်း ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဆုပေးဒဏ်ပေးစနစ်ဖြင့် ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြား သည်။
မွန်းလွဲပိုင်းတွင် ပုဂ္ဂလိကမွေးမြူရေးခြံများဖြစ်သော မင်္ဂလာဒုံမြို့နယ်ရှိ လေးထောင့်ကန်ရှိ “အားမာန်” နို့စားနွားမွေးမြူရေးခြံနှင့် (TM)နို့စားနွား မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးခြံများသည် လွန်ခဲ့သော ၂၃ နှစ်ကျော်က စတင်တည်ထောင် မွေးမြူခဲ့သောခြံများဖြစ်ရာ ခေတ်စနစ်နှင့်အညီ စနစ်တကျမွေးမြူနိုင်ရေး ပြုပြင်လုပ်ဆောင်သွားရန်၊ မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးနှင့်အညီဆောင်ရွက်ရန်၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အစားအစာ ဘေးကင်းလုံခြုံမှုရှိစေ ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန်၊ တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုးထားသော အာဟာရမြက်များအား ရာသီမပြတ် ထုတ်လုပ်ကျွေးမွေးနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန်၊ လက်ရှိကျွေးမွေးဆောင်ရွက်နေသော ပြည်တွင်းစိုက်ပျိုးရေး ထွက်ကုန်များ၊ စွန့်ပစ်ဟင်းသီးဟင်းရွက်စိမ်းများနှင့် ရောစပ်ကျွေးမွေးရန်တို့ကို ဆွေးနွေးမှာကြားသည်။
“အားမာန်” နို့စားနွားမွေးမြူရေးခြံ၌ နို့စားနွား ကောင်ရေ ၃၄၀ မွေးမြူထားပြီး နို့ပေးနွားမ ကောင် ရေ ၁၁၈ ကောင်မှ နေ့စဉ်နွားနို့ ပိဿာ ၆၅၀၊ (TM) နို့စားနွား မွေးမြူရေးခြံတွင် နို့စားနွားကောင်ရေ ၇၅၀ မွေးမြူထားပြီး နို့ပေးနွားမကောင်ရေ ၃၀၀မှ နေ့စဉ် နွားနို့ ပိဿာ ၁၅၀၀ ရရှိကြောင်း၊ ထွက်ရှိသော နွားနို့၊ နို့စိမ်း၊ ဒိန်ချဉ်၊ ထောပတ်စသည်တို့အား ရန်ကုန်မြို့ရှိ ကုန်တိုက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
