မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / September 03, 2025
image_latest


ရန်ကုန် စက်တင်ဘာ ၂

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ (Future Front Myanmar : Youth Strategy Forum – 2025) ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ (Myanmar Convention Centre - MCC) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ရေးရာကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းလူငယ်ရေးရာ ကိုယ်စားလှယ်များက “အနာဂတ်၏ အလင်းရောင်များ” တေးသီချင်း ဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကြသည်။

အနှစ်သာရအရှိဆုံးနှင့် အားအဖြစ်ဆုံးဖိုရမ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျုဟာဖိုရမ်-၂၀၂၅ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကိုယ်စားလှယ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်ဖိုရမ်လေးခုကျင်းပခဲ့ရာ ယခုကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅သည် နိုင်ငံတော်အတွက် အနှစ်သာရအရှိဆုံးနှင့်အားအဖြစ်ဆုံး ဖိုရမ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့်ဖိုရမ်သို့ တက်ရောက်လာကြသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ယခုဖိုရမ်သို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လာကြသည့်အတွက် မတူကွဲပြားသည့် တိုင်းရင်းသားလူငယ်များအနေဖြင့် အတွေးအခေါ် အယူအဆများ တစ်ဦးနှင့်တစ်ဦး တစ်ထပ်တည်းမကျနိုင်သော်လည်း အနာဂတ်နိုင်ငံတော်သို့သွားရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကြီး လှပသာယာဖွံ့ဖြိုးတိုးတက်အောင် ထုဆစ်ပုံဖော်နိုင်သူများဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို (ကိုကိုစက်မှု တက္ကသိုလ်)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများနှင့် လူငယ်ရေးရာကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများနှင့် လူငယ်ရေးရာ ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းများနှင့် ဖိုရမ်အထိမ်းအမှတ်တံဆိပ်များ ပေးအပ်သည်။

ဖျော်ဖြေတင်ဆက်

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ရေးရာကိုယ်စားလှယ်များက အပျိုတော်ယိမ်းအက၊ “လူချွန်လူကောင်း” တေးသီချင်း၊ “လှမျိုးစုံကြွယ် ယဉ်တစ်ကိုယ်မယ်” ခေတ်(၆)ခေတ် ယိမ်းအက၊ “ကချင်ရိုးရာအကအလှ”၊ “ငွေတောင်ပြည်မှ ဖိတ်ခေါ်သံ” တေးသီချင်း၊ “ဒုံးယိမ်းည”အက၊ “ကျွန်ုပ်တို့ ဇာတိမြေ” တေးသီချင်း၊ “သွေးချင်းတို့ဌာနေ မြန်မာပြည်” တိုင်းရင်းသား ယိမ်းအက၊ “ဦးရွှေရိုးနှင့် ဒေါ်မိုး”အက၊ “သာယာလှပ မွန်ဒေသ”၊ “အရောက်လာလေ လေးရက်မြေ”၊ “မောရှမ်းမြေ”၊ “ ဖိုရမ်နှလုံးသား” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေတင်ဆက်ကြသည့်အဖွဲ့များကို အမှတ်တရ လက်ဆောင်ပန်းခြင်းပေးအပ်သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025
HOT NEWS
January 4,