မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ မြဝတီမြို့သို့ လှည့်လည်သွားရောက်ပြီး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ဆွေးနွေးညှိနှိုင်း

မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ မြဝတီမြို့သို့ လှည့်လည်သွားရောက်ပြီး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ဆွေးနွေးညှိနှိုင်း


Ministry of Home Affairs/ နေပြည်တော် / December 16, 2025


     ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို ‌စစ်ဆေးဖော်ထုတ်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်‌ရေးအတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

     ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီမှ တွဲဖက်အတွင်းရေးမှူး(၂)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂)၊ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများသည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်မှုအား လေ့လာရန် ရောက်ရှိလာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး၊ Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ Office of Assistant Commissioner General မှ Pol.Lt. Gen. Jirabhop Bhuridej နှင့် တာဝန်ရှိသူတို့အား မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကြိုဆိုခဲ့ကြသည်။

     ထို့နောက် မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီတွင် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ KK Park နယ်မြေသို့ ထွက်ခွာခဲ့ပြီး KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတွင် အသုံးပြု ခဲ့သည့် တရားမဝင်အဆောက်အအုံများ ဖြိုချဖျက်ဆီးထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကာ မြဝတီမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

     ထို့နောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မြဝတီမြို့မှ ရွှေကုက္ကိုလ်နယ်မြေသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး တရားမဝင် နိုင်ငံခြားသားများထားရှိရာ အဆောက်အအုံများအား လည်းကောင်း၊ မိုင်းခွဲဖျက်ဆီးထားသော ရထိုက်ကုမ္ပဏီပိုင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သည့် အဆောက်အအုံများအား လှည့်လည်ကြည့်ရှုခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရွှေကုက္ကိုလ်မှ မြဝတီမြို့သို့ ပြန်လည်‌ထွက်ခွာခဲ့ရာ မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေး၊ ကွပ်ကဲရေးရုံးသို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိပြီး ယင်းနေရာတွင် ထိန်းသိမ်းထား ရှိသည့် တရုတ်နိုင်ငံသားများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

     ဆက်လက်ပြီး သုံးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆိုင်ရာ Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်း ဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင် ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကာ ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့သည် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

     နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။