မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန်ဘယ်လာရုစ်သမ္မတနိုင်ငံ၏မြို့တော် Minsk မြို့အမည်ဖြင့်လမ်းအမည် ဂုဏ်ပြုပေးအပ်
မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန်ဘယ်လာရုစ်သမ္မတနိုင်ငံ၏မြို့တော် Minsk မြို့အမည်ဖြင့်လမ်းအမည် ဂုဏ်ပြုပေးအပ်
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန်ရည်ရွယ်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၏ မြို့တော် Minsk မြို့၏အမည်အား ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသောလမ်း၏အမည်အဖြစ် ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းနှင့် သီရိကျော်စွာလမ်းထောင့်(အဆင့်မြင့်ဈေးအနီး)၌ ကျင်းပသည်။
အဆိုပါ ဂုဏ်ပြုလမ်းအမည်ပေးအခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maxim RYZHENKOV ၊ H.E. Mr. Andrei KUZNIATSOU နှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E. Mr. Yury HORLAU ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom" ဥက္ကဋ္ဌ H.E. Ms. Nadzeya LAZAREVICH နှင့် မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ၏ မြို့တော်များသည် ၂၀၁၁ ခုနှစ်မှ ချစ်ကြည်ရင်းနှီးမှုစတင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး၏ ခရီးစဉ်တွင် ယခုကဲ့သို့ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် မိမိတို့ နှစ်နိုင်ငံပြည်သူပြည်သားများ၏ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုများသည် နောင်နှစ်ပေါင်း များစွာတိုင်တည်တံ့ခိုင်မြဲသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး၏ မြန်မာနိုင်ငံသို့လာရောက်သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၏မြို့တော် မင့်စ်မြို့၏အမည်ကို ဂုဏ်ပြုပြီး ယခုဖွင့်လှစ်မည့်လမ်းကို “မင့်စ်လမ်း”အဖြစ် လမ်းအမည်ပေးသတ်မှတ်ခေါ်တွင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတ်မှတ်ခေါ်တွင်မည့်လမ်းအမည်သည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုမှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေမည်ဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လမ်းအမည်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက လမ်းအမည်ဆိုင်းဘုတ်ကို အမွှေးနံသာရည်များပက်ဖျန်းပေးသည်။
ဆက်လက်၍ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့စေရန်ရည်ရွယ်၍ အမည်ပေးအပ်ထားသည့် Minsk လမ်းသည် ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပြီး အရှည်ပေ ၇၀၀၀ ကျော်ခန့်ရှိကာ အဆိုပါလမ်း၌ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၊ သီရိမင်္ဂလာအဆင့်မြင့်ဈေးတို့တည်ရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
