မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / January 07, 2025
နေပြည်တော် ဇန်နဝါရီ ၆
ရမည်းသင်းမြို့၊ တောင်ကြီးမြို့နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရမည်းသင်းမြို့နယ် နန်းလုံကျေးရွာနှင့် နတ်အင်းကျေးရွာသွားမြေသားလမ်းတွင် ခွန်သိန်းဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ဝေထွန်းမောင်းနှင်လာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၇ ဒသမ ၈၈၅၆ ကီလို ကိုလည်းကောင်း၊ ယင်းနေ့ ည ၇ နာရီတွင် ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ ချမ်းသာရပ်ကွက်တွင် ဝင်းကိုကို မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၉ နာရီခွဲတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကျောက်စမ်းလမ်းရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၃၂၁၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာ အုပ်စုဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီး သွားကားလမ်းတွင် ဖုန်းမြင့်နိုင် မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
Posted on Jan 7, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊...
Posted on Jan 7, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
Posted on Jan 7, 2025၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။