မြို့ပြခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးကြိုးပမ်း

မြို့ပြခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးကြိုးပမ်း


Ministry of Information/ Naypyitaw / May 04, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နိုင်ငံတော်သမ္မတက ရန်ကုန်မြို့တွင် လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ လမ်းမကြီးများတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး၊ ရပ်ကွက်များအတွင်း၌လည်း ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ်သည့်စနစ်များကို စနစ်တကျဖြင့် အဆက်မပြတ်ဆောင်ရွက်သွားရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပြဖွံ့ဖြိုးသာယာလှပရေးအတွက်ပါ စနစ်တကျတွက်ချက်ဆောက်လုပ်သွားရေး၊ လူသွားလမ်းပလက်ဖောင်းများ စနစ်တကျထည့်သွင်းတည်ဆောက်သွားရေး၊ ယာဉ်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် သွားလာနိုင်ရေးစသည် တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်မြို့သည် လူဦးရေအများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီးဖြစ်သည်။ စီးပွားရေးဗဟိုချက်ဖြစ်ပြီး နိုင်ငံတကာနှင့် ဆက်သွယ်ကူးသန်း သွားလာနိုင်သော နိုင်ငံတကာရေကြောင်း၊ လေကြောင်းဝင်ထွက်မှုများရှိသည်။ ရွှေတိဂုံစေတီတော်ကြီးကဲ့သို့ ထင်ရှားကျော်ကြားသော ရှေးဟောင်းအမွေအနှစ်များစွာရှိသဖြင့် ပြည်တွင်း၊ ပြည်ပမှ ဥဒဟိုဝင်ထွက်သွားလာနေကြသောမြို့ကြီးဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့တော်ကြီးကို မြို့ပြအင်္ဂါရပ်များနှင့်အညီ နိုင်ငံတကာအဆင့်အတန်းနှင့်လျော်ညီစွာ တည်ဆောက်ပြုပြင် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံတော်အကြီးအကဲအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်သို့ရောက်ရှိခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် လမ်းညွှန်မှာကြားခဲ့ရာ ယခုအခါ လှိုင်သာယာမြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာများကောင်းမွန်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့အနေဖြင့် အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိခဲ့ရသည်။ ရန်ကုန်မြို့သည် တစ်နေ့တခြားလူဦးရေထူထပ်လာမှုနှင့်အတူ ရန်ကုန်မြို့ရှိ မြို့နယ်အားလုံးအနေဖြင့် လမ်းညွှန်မှုနှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့နိုင်သည်။

ရန်ကုန်မြို့အတွင်း၌ လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးပွေလီဖြစ်ခဲ့ရာ မြို့ပြသာယာလှပမှုကို အကျည်းတန်အရုပ်ဆိုးစေသဖြင့် ယခုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများက ပြန်လည်ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်၍ လမ်းမကြီးများ တစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအပြင် ရပ်ကွက်များအတွင်း၌လည်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ရေစီးရေလာကောင်းမွန်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုများ မပြုလုပ်ကြရန်လိုအပ်သည်။ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ကာ သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

လမ်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသွားလမ်းပလက်ဖောင်းများကို စနစ်တကျထည့်သွင်းတည်ဆောက်ထားသော်လည်း ပလက်ဖောင်းများပေါ်တွင် စည်းကမ်းမဲ့ပစ္စည်းထားမှုများ၊ ဈေးရောင်းချမှုများကြောင့် မြို့ပြအင်္ဂါရပ်များ ထိခိုက်မှုဖြစ်စေသည်ကို သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ ရန်ကုန်မြို့တွင် မော်တော်ယာဉ်များ တစ်နေ့တခြားတိုးပွားလာမှုကြောင့် ယာဉ်သွားလာမှုများ လွယ်ကူလျင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လူသွားပလက်ဖောင်းများသည် အဓိကကျသလိုစည်းကမ်းနှင့်အညီ ယာဉ်ရပ်နားမှုနှင့် လမ်းညွှန်အမှတ်အသားများ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံအောင် ထည့်သွင်းတည်ဆောက်ထားရန်လိုအပ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးကို အလေးထားလမ်းညွှန်ဆောင်ရွက်လျက်ရှိရာ မြို့ပြများ တည်ဆောက်ထိန်းသိမ်းမြှင့်တင်ရာတွင် စနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုအပ်ပြီး မြို့ပြသန့်ရှင်းသာယာလှပရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရေးတို့သာမက အများပြည်သူအပန်းဖြေသည့် ပန်းခြံများ၊ ဥယျာဉ်များနှင့် အားကစားကွင်းများ တည်ဆောက်ရာတွင် မြို့ပြလူဦးရေအချိုးအစားပေါ်တွင် မူတည်တွက်ချက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုများနှင့်အညီ စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Posted on May 02, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ

Posted on May 5, 2026

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။