မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Nay Pyi Taw / July 11, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ တိုးတက်အောင်(ခ)ဖိုးတီလုံး(၃၀)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ ရတနာလမ်းထိပ်၌ ပေါင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ အောင်မင်းထိုက်(၃၇)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ကန်ကြီးပတ်လမ်း၌ မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့၊ အမှတ်(၄)ရပ်ကွက်နေ မျိုးမင်းထွန်း(ခ)အငယ်ကောင်(၂၁)နှစ်နှင့် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာနေ ရဲထက်အောင်(၁၉)နှစ်တို့ နှစ်ဦးအား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်း ပငစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့နယ်၊ ကမာဝက်မြို့နေ ကိုမျိုး (၄၆)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ သာယာအေးလမ်းဆုံမီးပွိုင့်၌ ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဇေယျာသီရိရပ်ကွက်နေ ဇင်မောင်မောင်(၃၀)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အမှတ်(၂)ရပ်ကွက်နေ ထွန်းနိုင်(ခ)ထွန်းထွန်းနိုင်(၂၄)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာနေ ဖြိုးမင်းဇော်(၂၉)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ ည ၈ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လှိုင်ရပ်ကွက်နေ ထွန်းဇော်ဝင်း(၃၂)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း စစ်ဆေးတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တိုးတက်အောင်(ခ)ဖိုးတီလုံးပါ ကိုးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Posted on Jul 13, 2025နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -