မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / August 26, 2025


   ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

   ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက်တွင် သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်နေ ဇော်မိုးထွန်း(၅၀)နှစ်အားလည်းကောင်း။

   အလားတူ ဩဂုတ် ၂၅ ရက် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့နယ်၊ ဖိုးလှကြီးရပ်ကွက်နေ ဇင်မျိုးထွေး(၂၅)နှစ်အား လည်းကောင်း၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ သန်းထွေးဦး(၅၄)နှစ်အားလည်းကောင်း၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်ကြသည့် ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နေ သန်းမင်းအောင်(၂၅)နှစ်နှင့် နတ်ကြီးချောင်ကျေးရွာနေ ဇော်မင်း (၃၁)နှစ်အားလည်းကောင်း၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများဖြစ်ကြသည့် သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်နေ မောင်ငယ်(ခ)သိန်းအောင်(၄၈)နှစ်၊ မြေနီကုန်းကျေးရွာနေသူများဖြစ်သည့် စောလှအေး(၄၄)နှစ်နှင့် စောငြိမ်း(၄၇)နှစ်တို့အားလည်းကောင်း။

  ထို့အတူ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်နေ အောင်မိုးဇော်(၃၉)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ဇော်မိုးထွန်းပါ ကိုးဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Aug 26, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Aug 25, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 24, 2025
AnnouncementsExplore more >

မတရားအသင်းအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

မတရားအသင်းအဖြစ် ကြေညာခြင်း

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Aug 28, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း