မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တွင် သစ်ပင်လဲကျမှု

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တွင် သစ်ပင်လဲကျမှု


Ministry of Home Affairs/ Naypyitaw / July 27, 2024


      ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တွင် အမြင့်(၄၀)ပေ၊ လုံးပတ်(၅)ပေခန့်နှင့် အမြင့်(၄၀)ပေ၊ လုံးပတ်(၆)ပေခန့်ရှိ ကုက္ကိုပင် နှစ်ပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပွပြီး နေအိမ်ပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် (၂၂x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်၏ သွပ်(၁၂)ချပ်၊ အမိုးသစ်သားတန်းကိုးချောင်းနှင့် (၁၈x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၏ သွပ်(၁၂)ချပ်၊ အမိုးသစ်သားတန်းကိုးချောင်း ပျက်စီးဆုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Posted on Jul 27, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Posted on Jul 26, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Jul 25, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Posted on Jul 22, 2024
AnnouncementsExplore more >