မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တူတော်စပ်သူမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဒေါ်ဖြစ်သူ သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တူတော်စပ်သူမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဒေါ်ဖြစ်သူ သေဆုံး


Ministry of Home Affairs/ နေပြည်တော် / November 20, 2025


    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်ခင်စန်းရီ(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် တူတော်စပ်သူ ရေးမြို့နယ်၊ ဖလံချောင်းဝကျေးရွာနေ မောင်ဖြူ(၃၀)နှစ် ရောက်ရှိလာပြီး အမွေကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ သေနတ်အတို(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်စန်းရီတွင် ဦးခေါင်းနောက်စေ့ ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ မောင်ဖြူ အား ဖမ်းဆီးရမိနိုင်ရေးအတွက် ရေးမြို့မရဲစခန်း (ပ)၉၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။